အီရန်နိုင်ငံက နျူကလီးယားလက်နက်ပိုင်ဆိုင်သွားမယ်ဆိုရင် ဆော်ဒီအာရေဗျနိုင်ငံကလည်း နျူကလီးယားလက်နက်ရရှိအောင် လုပ်ဆောင်မယ်
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၁
ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသားက အီရန်နိုင်ငံ နျူကလီးယားလက်နက်ပိုင်ဆိုင်သွားမယ်ဆိုရင် ဆော်ဒီအာရေဗျနိုင်ငံကလည်း နျူကလီးယားလက်နက်ပိုင်ဆိုင်အောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသားဖြစ်သူ မိုဟာမက်ဘင်ဆယ်လ်မန်က "အီရန်နိုင်ငံဟာ နျူကလီးယားလက်နက် တစ်ခုပိုင်ဆိုင်ရင် ကျွန်တော်တို့ကလည်း တစ်ခုရရှိအောင်လုပ်ဆောင်မယ်" လို့ ပြောပါတယ်။
ဘယ်နိုင်ငံမဆို နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့အခါတိုင်း ဆော်ဒီအာရေဗျနိုင်ငံက စိုးရိမ်မှုဖြစ်မိကြောင်း၊ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားပေမယ့်လည်း ဒုတိယကမ္ဘာစစ်နောက်ပိုင်းဖြစ်ပွားတဲ့စစ်ပွဲတွေမှာ နျူကလီးယားလက်နက်အသုံးပြုခြင်းမျိုးတော့ မရှိသေးကြောင်း ၎င်းက ပြောပါတယ်။
အမေရိကန်သမ္မတ ဟောင်းဒေါ်နယ်ထရမ့်လက်ထက်ဖြစ်တဲ့ ၂ဝ၁၅ ခုနှစ်မှာ အမေရိကန်အစိုးရဟာ အီရန်နိုင်ငံနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေချုပ်ဆိုထားတဲ့ နျူကလီးယားစာချုပ်ကနေ နုတ်ထွက်သွားခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် သမ္မတဂျိုးဘိုင်ဒန်လက်ထက်မှာတော့ အမေရိကန်အစိုးရဟာ အီရန်နိုင်ငံ နဲ့ နျူကလီးယားစာချုပ်ကိစ္စ တွေကို ပြန်လည်စေ့စပ်ဆွေးနွေးဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။
အီရန်နိုင်ငံက နျူကလီးယားလက်နက်များ ပိုင်ဆိုင်ဖို့ ကြိုပမ်းလာခြင်းဟာ ဒေသအတွင်း တည်ငြိမ်ရေးကို ခြိမ်းခြောက်မှုအဖြစ် ရှုမြင်တာမျိုးတွေလည်းရှိနေပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံက ၎င်းတို့အနေနဲ့ လာမယ့် နှစ်ပေါင်း ၂ဝ အတွင်း အမေရိကန်ဒေါ်လာ ၈ဝ ဘီလျံ အကုန်ခံပြီး နျူကလီးယားဓါတ်ပေါင်းဖို ၁၆ ခု တည်ဆောက်ဖို့ စီစဉ်နေကြောင်း ၂ဝ၁၆ ခုနှစ်က သတင်းထုတ်ပြန်ထားပါတယ်။
ဆော်ဒီအာရေဗျဘုရင်ဟာ နိုင်ငံ အဏုမြူစွမ်းအင်အေဂျင်စီကို ငြိမ်းချမ်းတဲ့ရည်ရွယ်ချက်နဲ့ နျူကလီးယားကို အကန့်အသတ်နဲ့အသုံးပြုဖို့ ခွင့်ပြုပေးထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
UNWG ၏ ရန်ပုံငွေ ဈေးရောင်းပွဲတော်တွင် မြန်မာနိုင်ငံပါဝင်ခဲ့
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ