ဘားအံမြို့၌ ကားတစ်စီးအရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားရာ (၄)ဦး ထိခိုက်ဒဏ်ရာရ
NSS - စက်တင်ဘာ ၂၁
ကရင်ပြည်နယ်၊ ဘားအံမြို့၌ ကားတစ်စီးအရှိန်လွန်၍ တိမ်းမှောက်မှုဖြစ်ပွားရာ (၄)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့-ဘားအံမြို့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာလ ၂၁ ရက်)၊ နံနက် ၁ နာရီခွဲ အချိန်ခန့်တွင် ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ မေတ္တာလမ်း၊ ဘားအံတက္ကသိုလ်ကျောင်းအနောက်ဘက်လမ်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါလမ်း၌ အမျိုးသား(၃)ဦး နှင့် အမျိုးသမီး(၁)ဦးတို့ လိုက်ပါလာသော ကားတစ်စီးသည် အရှိန်လွန်၍ ဓာတ်တိုင်အားဝင်တိုက်မိခဲ့ပြီး တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။
" ဓာတ်တိုင်ကို ဝင်ဆောင့်မိတာ။ ဆောင့်တဲ့အရှိန်က တော်တော်များတယ်။ ကားပေါ်ပါတဲ့ (၄)ဦးလုံး ဒဏ်ရာရတယ်။ ညပ်နေလို့ ထုတ်လို့မရတဲ့ အနေအထားလောက်ပဲဆိုတော့ ကြီးကြီးမားမားဒဏ်ရာမရှိဘူး။ ပွန်းပဲ့တာ လောက်ပဲ" ဟု အထက်ပါ လူမူကယ်ဆယ်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ (၄)ဦးလုံး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး လက်ရှိတွင် ၎င်းတို့အား တောင်ကလေးစစ်ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီရန်နိုင်ငံက နျူကလီးယားလက်နက်ပိုင်ဆိုင်သွားမယ်ဆိုရင် ဆော်ဒီအာရေဗျနိုင်ငံကလည်း နျူကလီးယားလက်နက်ရရှိအောင် လုပ်ဆောင်မယ်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း