ပေါက်တောမြို့နယ် နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ဓားဖြင့်ထိုးခုတ်ခံရမှုကြောင့် အမျိုးသား(၂)ဦးဒဏ်ရာရရှိ
သန့်ဇင်(NSS) - စက်တင်ဘာ ၂၀
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် မိသားစုချင်းစကားများရန်ဖြစ်ရာမှ အမျိုးသားတစ်ဦး ဓားထိုးခံခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၁၉ ရက်)၊ ည ၁၁နာရီ ၂၀မိနစ်အချိန်တွင် ပေါက်တောမြို့နယ်၊ မြင့်ကာသစ်ကျေးရွာတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေရှင်းထံမှ သိရသည်။
“မိသာစုချင်း စကားများရာက ဖြစ်တာလို့တော့ သိရတယ်ဗျ။ လူနာကတော့ နောက်ကျောတစ်ချက် ဓားနဲ့အထိုးခံရတာပါ”ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါဖြစ်စဉ်တွင် ဓားဖြင့်အထိုးခံရသည့် အမျိုးသားသည် မြင့်ကသစ်ကျေးရွာနေ အသက်(၄၀)ကျော်အရွယ် ကိုမြထွန်းဖြစ်ပြီး မိသားစုချင်းစကားများရန်ဖြစ်ရာမှ ဓားဖြင့်အထိုးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ယနေ့ (စက်တင်ဘာလ ၂ဝ ရက်)၊ နံနက်(၃)နာရီအချိန်တွင် ဘူးသီးတောင်မြို့နယ်၊ ပြင်ခေါင်ကျေးရွာတွင် စကားများရန်ဖြစ်ရာမှ အမျိုးသားတစ်ဦး ဓားဖြင့် ထိုးခုတ်ခံခဲ့ရကြောင်း အနောက်တံခါးလူမှုကူညီရေးအသင်းထံမှ သိရသည်။
“ဘယ်လိုဖြစ်လဲတော့ မသိဘူး။ သူတို့အိမ်မှာပဲ ဖြစ်ကြတာပါဗျ။ ဓားဒဏ်ရာကတော့များတယ်။ ခုတော့စစ်တွေဆေးရုံကြီးကို ပို့ထားပါတယ်”ဟု အနောက်တံခါးလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါဓားဖြင့်ထိုးခုတ်ခံရသူအမျိုးသားသည် ပြင်ခေါင်ကျေးရွာတွင်နေထိုင်သည့် အသက်(၅၀)အရွယ် ဦးမောင်အေးထွန်းဖြစ်ပြီး နေအိမ်၌ရှိနေစဉ် ဓားဖြင့်ထိုးခုတ်ခံခဲ့ရကြောင်း သိရသည်။
ထို့နောက် ဒဏ်ရာရရှိသူအမျိုးသား(၂)ဦးအား သက်ဆိုင်ရာလူမှုကူညီရေးအသင်းများမှ စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခြောက်နှစ်အကြာတွင် ချန်ပီယံလိဂ်မှာ ပြန်ကစားခွင့်ရခဲ့ပြီးနောက် အကောင်းဆုံးခြေစွမ်းပြကစားရန် အသင်းကစားသမားများကို တိုက်တွန်းလိုက်တဲ့ အာဆင်နယ်နည်းပြ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း