ဒီမိုကရေစီနဲ့လွတ်လပ်မှုကို ယုံကြည်တဲ့နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြင့်ပြီး အာဏာရှင်နိုင်ငံတွေကို ရင်ဆိုင်ဖို့ နေတိုးအဖွဲ့အကြီးအကဲ တိုက်တွန်း
ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၈
ဒီမိုကရေစီနဲ့လွတ်လပ်မှုကို ယုံကြည်တဲ့ နိုင်ငံများအနေနဲ့ အာဏာရှင်နိုင်ငံများရဲ့ရင်ဆိုင်နိုင်ဖို့ အတူတကွ ပူးပေါင်းရပ်တည်စေလိုကြောင်း နေတိုးအဖွဲ့အတွင်းရေးမှူးချုပ် ဂျန်စတိုတန်ဘတ်ချ်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ရုရှားနဲ့ တရုတ်နိုင်ငံတို့ကြား အပြန်အလှန်ဆက်ဆံရေးဟာ ပိုမိုတိုးမြင့်လာခဲ့ပြီးနောက် နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ်က အခုလိုမျိုးတိုက်တွန်းပြောဆိုခဲ့တာဖြစ်ပါတယ်။
ယူကရိန်းကို ရုရှားတပ်ဖွဲ့များ တိုက်ခိုက်ခဲ့ပြီးနောက် တရုတ်နိုင်ငံဟာ ကြားနေနိုင်ငံအဖြစ် ရပ်တည်ခဲ့ ပေမယ့်လည်း ရုရှားနိုင်ငံအပေါ် ပြစ်တင်ရှုတ်ချခြင်းမရှိဘဲ ရုရှားနဲ့ အပြန်အလှန်ဆက်ဆံရေး ပိုမို ကောင်းမွန်လာခဲ့တယ်လို့ သိရပါတယ်။ ရုရှားနဲ့ တရုတ်နိုင်ငံတို့ဟာ ရေတပ်၊ လေတပ်တို့အပြင် မြေပြင် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေ ပိုမိုလုပ်ဆောင်လာခဲ့တယ်လို့ သိရပါတယ်။
နေတိုးအဖွဲ့အတွင်းရေးမှူးချုပ်က "အာဏာရှင်နိုင်ငံတွေဟာ ပိုမိုနီးစပ်မှုတွေ ရှိလာခဲ့တယ်။ နေတိုးအဖွဲ့ အတွင်းရှိ ဒီမိုကရေစီနဲ့လွတ်လပ်မှုကို ယုံကြည်တဲ့နိုင်ငံတွေအပြင် ကမ္ဘာတဝန်းက နေတိုးအဖွဲ့ရဲ့ မိတ်ဖက် နိုင်ငံတွေဟာလည်း ပူးပေါင်းဆောင်ရွက်မှုတွေမှု ပိုမိုလုပ်ဆောင်ရမယ်" လို့ပြောပါတယ်။
တရုတ်နိုင်ငံဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အနီးကပ်စောင့်ကြည့်နေတယ်လို့လည်း နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။ ၎င်းက "ယူကရိန်းစစ်ပွဲမှာ ရုရှားတို့ အနိုင်ရခဲ့မယ်ဆိုရင် အဲဒီ သက်ရောက်မှုတွေဟာ တရုတ်နိုင်ငံအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်ဖွယ်ရှိနေတယ်" လို့ပြောပါတယ်။
ယူကရိန်းနိုင်ငံအပေါ် ရုရှားတို့တိုက်ခိုက်ခဲ့သလိုမျိုး တရုတ်နိုင်ငံကလည်း ထိုင်ဝမ်အပေါ် တိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်မှာကို အနောက်အုပ်စုနိုင်ငံတွေကြား စိုးရိမ်မှုမြင့်တက်နေတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၁၇ ရက်က စတင်ခဲ့တဲ့ မြူးနစ်လုံခြုံရေးအစည်းအဝေးကို ဂျာမနီအဓိပတိ အိုလက်ဖ်ရှိုးလ်၊ ပြင်သစ်သမ္မတ မက်ခရွန်၊ အမေရိကန်ဒုတိယသမ္မတ ကာမာလာနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ တက်ရောက်နေတယ်လို့ သိရပါတယ်။
Zawgyi Version;
ဒီမိုကေရစီနဲ႔လြတ္လပ္မႈကို ယုံၾကည္တဲ့ႏိုင္ငံမ်ားၾကား ပူးေပါင္းေဆာင္႐ြက္မႈတိုးျမင့္ၿပီး အာဏာရွင္ႏိုင္ငံေတြကို ရင္ဆိုင္ဖို႔ ေနတိုးအဖြဲ႕အႀကီးအကဲ တိုက္တြန္း
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁၈
ဒီမိုကေရစီနဲ႔လြတ္လပ္မႈကို ယုံၾကည္တဲ့ ႏိုင္ငံမ်ားအေနနဲ႔ အာဏာရွင္ႏိုင္ငံမ်ားရဲ႕ရင္ဆိုင္ႏိုင္ဖို႔ အတူတကြ ပူးေပါင္းရပ္တည္ေစလိုေၾကာင္း ေနတိုးအဖြဲ႕အတြင္းေရးမႉးခ်ဳပ္ ဂ်န္စတိုတန္ဘတ္ခ်္က ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။
႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံတို႔ၾကား အျပန္အလွန္ဆက္ဆံေရးဟာ ပိုမိုတိုးျမင့္လာခဲ့ၿပီးေနာက္ ေနတိုးအဖြဲ႕ အတြင္းေရးမႉးခ်ဳပ္က အခုလိုမ်ိဳးတိုက္တြန္းေျပာဆိုခဲ့တာျဖစ္ပါတယ္။
ယူကရိန္းကို ႐ုရွားတပ္ဖြဲ႕မ်ား တိုက္ခိုက္ခဲ့ၿပီးေနာက္ တ႐ုတ္ႏိုင္ငံဟာ ၾကားေနႏိုင္ငံအျဖစ္ ရပ္တည္ခဲ့ ေပမယ့္လည္း ႐ုရွားႏိုင္ငံအေပၚ ျပစ္တင္ရႈတ္ခ်ျခင္းမရွိဘဲ ႐ုရွားနဲ႔ အျပန္အလွန္ဆက္ဆံေရး ပိုမို ေကာင္းမြန္လာခဲ့တယ္လို႔ သိရပါတယ္။ ႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံတို႔ဟာ ေရတပ္၊ ေလတပ္တို႔အျပင္ ေျမျပင္ ပူးေပါင္းစစ္ေရးေလ့က်င့္မႈေတြ ပိုမိုလုပ္ေဆာင္လာခဲ့တယ္လို႔ သိရပါတယ္။
ေနတိုးအဖြဲ႕အတြင္းေရးမႉးခ်ဳပ္က "အာဏာရွင္ႏိုင္ငံေတြဟာ ပိုမိုနီးစပ္မႈေတြ ရွိလာခဲ့တယ္။ ေနတိုးအဖြဲ႕ အတြင္းရွိ ဒီမိုကေရစီနဲ႔လြတ္လပ္မႈကို ယုံၾကည္တဲ့ႏိုင္ငံေတြအျပင္ ကမာၻတဝန္းက ေနတိုးအဖြဲ႕ရဲ႕ မိတ္ဖက္ ႏိုင္ငံေတြဟာလည္း ပူးေပါင္းေဆာင္႐ြက္မႈေတြမႈ ပိုမိုလုပ္ေဆာင္ရမယ္" လို႔ေျပာပါတယ္။
တ႐ုတ္ႏိုင္ငံဟာ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး အနီးကပ္ေစာင့္ၾကည့္ေနတယ္လို႔လည္း ေနတိုးအဖြဲ႕ အတြင္းေရးမႉးခ်ဳပ္က ေျပာပါတယ္။ ၎က "ယူကရိန္းစစ္ပြဲမွာ ႐ုရွားတို႔ အႏိုင္ရခဲ့မယ္ဆိုရင္ အဲဒီ သက္ေရာက္မႈေတြဟာ တ႐ုတ္ႏိုင္ငံအေပၚ သက္ေရာက္မႈေတြ ရွိလာႏိုင္ဖြယ္ရွိေနတယ္" လို႔ေျပာပါတယ္။
ယူကရိန္းႏိုင္ငံအေပၚ ႐ုရွားတို႔တိုက္ခိုက္ခဲ့သလိုမ်ိဳး တ႐ုတ္ႏိုင္ငံကလည္း ထိုင္ဝမ္အေပၚ တိုက္ခိုက္မႈမ်ား ထပ္မံလုပ္ေဆာင္မွာကို အေနာက္အုပ္စုႏိုင္ငံေတြၾကား စိုးရိမ္မႈျမင့္တက္ေနတယ္လို႔ သိရပါတယ္။ ေဖေဖာ္ဝါရီ ၁၇ ရက္က စတင္ခဲ့တဲ့ ျမဴးနစ္လုံၿခဳံေရးအစည္းအေဝးကို ဂ်ာမနီအဓိပတိ အိုလက္ဖ္ရႈိးလ္၊ ျပင္သစ္သမၼတ မက္ခ႐ြန္၊ အေမရိကန္ဒုတိယသမၼတ ကာမာလာနဲ႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးတို႔ တက္ေရာက္ေနတယ္လို႔ သိရပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံကူးလက်မှတ်ပြုလုပ်ခွင့် ရပ်ဆိုင်းထားမှုကြောင့် ကိုရီးယားသို့သွားရောက် အလုပ်လုပ်မည့် မြန်မာလုပ်သားများ အခက်အခဲကြုံနေရ
RELATED POSTS
17 Sep 2023 | နိုင်ငံတကာ,ပြည်တွင်း
28 Aug 2023 | နိုင်ငံတကာ,ပြည်တွင်း
29 May 2023 | နိုင်ငံတကာ,ပြည်တွင်း
18 Feb 2023 | နိုင်ငံတကာ,ပြည်တွင်း