ရုရှားပိုင်ဆိုင်မှုတွေကို သိမ်းယူပြီး ယူကရိန်းကို ကူညီထောက်ပံ့ပေးဖို့ကြိုးပမ်းနေတဲ့ အနောက်အုပ်စုနိုင်ငံများအပေါ် ရုရှားအစိုးရ သတိပေး
ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၈
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက အနောက် အုပ်စုနိုင်ငံတွေဟာ ရုရှား ပိုင်ဆိုင်မှုတွေကို သိမ်းယူပြီး ယူကရိန်းကို ကူညီထောက်ပံ့ပေးဖို့ ကြိုးပမ်းနေခြင်းဟာ အလွန်မိုက်မဲတဲ့ လုပ်ရပ်ဖြစ် ကြောင်း ဝေဖန်ပြစ်တင်လိုက်ပါတယ်။
ရုရှားနိုင်ငံအနေနဲ့ အနောက်အုပ်စုနိုင်ငံများရဲ့လုပ်ရပ်များအပေါ် လိုအပ်မှုရှိလာမယ်ဆိုရင် ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမှာဖြစ်ကြောင်း မာရီယာဇာခါရိုဗာက ပြောပါတယ်။ ရုရှားနိုင်ငံမှာ ကြီးမားတဲ့ရင်းနှီးမြှုပ်နှံ့မှုများ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ ရှိနေကြောင်း၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများရဲ့ ရုရှားနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ့မှုပမာဏဟာ ရုရှားနိုင်ငံသားတွေ ဥရောပမှာ ရင်းနှီးမြှုပ်နှံ့မှုတွေထက် ပိုမိုများနေကြောင်း မာရီယာဇာခါရိုဗာက ပြောပါတယ်။
၎င်းက "ရုရှားနိုင်ငံဟာ နိုင်ငံတကာဥပဒေတွေကိုလိုက်နာဖို့ ဆန္ဒရှိနေပါတယ်။ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေ ကို ရုရှားနိုင်ငံသားတွေရဲ့ပိုင်ဆိုင်မှုတွေ သိမ်းယူခြင်းနဲ့ပတ် သက်ပြီး စဉ်းစားသုံးသပ်မှုတွေ ပြန်လည်လုပ်ဆောင်ဖို့ နောက်ဆုံးအခွင့်အရေးပေးမှာပါ။ ဒါပေမယ့် ရုရှားအစိုးရဟာ ပြည်ပနိုင်ငံတွေမှာ ရှိနေတဲ့ ရုရှားနိုင်ငံသားတွေရဲ့ရင်းနှီးမြှုပ် နှံမှုတွေကို ကာကွယ်ပေးသွားမှာပါ" လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၂၄ ရက်က ယူကရိန်းနိုင်ငံအပေါ် ရုရှားတပ်ဖွဲ့များ စတင်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေဟာ ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုအမျိုးမျိုး ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ အနောက်အုပ်စုနိုင်ငံတွေဟာ ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုချမှတ်ရုံသာမက ဥရောပနိုင်ငံများရှိ ရုရှား စီးပွားရေးလုပ်ငန်းရှင်များရဲ့ပိုင်ဆိုင်မှုတွေနဲ့ ရုရှားအစိုးရရဲ့ အရန်ငွေကြေးများကို သိမ်းယူခြင်းများ ရှိနေခဲ့တယ်လို့ သိရပါတယ်။ အနောက်အုပ်စုနိုင်ငံတွေဟာ ရုရှား ဘီလျံနာတွေ၊ ရုရှားစီးပွားရေးလုပ်ငန်းရှင်များရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းယူပြီး ယူကရိန်းနိုင်ငံအပေါ် ကူညီထောက်ပံ့ပေးဖို့လည်း စီစဉ်နေကြောင်း မကြာသေးမီက သတင်းများထွက်ပေါ်လာခဲ့ပါတယ်။
zawgyi version
႐ုရွားပိုင္ဆိုင္မႈေတြကို သိမ္းယူၿပီး ယူကရိန္းကို ကူညီေထာက္ပံ့ေပးဖို႔ႀကိဳးပမ္းေနတဲ့ အေနာက္အုပ္စုႏိုင္ငံမ်ားအေပၚ ႐ုရွားအစိုးရ သတိေပး
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁၈
႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ မာရီယာဇာခါ႐ိုဗာက အေနာက္ အုပ္စုႏိုင္ငံေတြဟာ ႐ုရွား ပိုင္ဆိုင္မႈေတြကို သိမ္းယူၿပီး ယူကရိန္းကို ကူညီေထာက္ပံ့ေပးဖို႔ ႀကိဳးပမ္းေနျခင္းဟာ အလြန္မိုက္မဲတဲ့ လုပ္ရပ္ျဖစ္ ေၾကာင္း ေဝဖန္ျပစ္တင္လိုက္ပါတယ္။
႐ုရွားႏိုင္ငံအေနနဲ႔ အေနာက္အုပ္စုႏိုင္ငံမ်ားရဲ႕လုပ္ရပ္မ်ားအေပၚ လိုအပ္မႈရွိလာမယ္ဆိုရင္ ျပင္းထန္တဲ့ တုံ႔ျပန္မႈေတြ လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း မာရီယာဇာခါ႐ိုဗာက ေျပာပါတယ္။ ႐ုရွားႏိုင္ငံမွာ ႀကီးမားတဲ့ရင္းႏွီးျမႇဳပ္ႏွံ႔မႈမ်ား ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံမ်ား ရွိေနေၾကာင္း၊ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံမ်ားရဲ႕ ႐ုရွားႏိုင္ငံမွာ ရင္းႏွီးျမႇဳပ္ႏွံ႔မႈပမာဏဟာ ႐ုရွားႏိုင္ငံသားေတြ ဥေရာပမွာ ရင္းႏွီးျမႇဳပ္ႏွံ႔မႈေတြထက္ ပိုမိုမ်ားေနေၾကာင္း မာရီယာဇာခါ႐ိုဗာက ေျပာပါတယ္။
၎က "႐ုရွားႏိုင္ငံဟာ ႏိုင္ငံတကာဥပေဒေတြကိုလိုက္နာဖို႔ ဆႏၵရွိေနပါတယ္။ အေမရိကန္နဲ႔ မဟာမိတ္ႏိုင္ငံေတြ ကို ႐ုရွားႏိုင္ငံသားေတြရဲ႕ပိုင္ဆိုင္မႈေတြ သိမ္းယူျခင္းနဲ႔ပတ္ သက္ၿပီး စဥ္းစားသုံးသပ္မႈေတြ ျပန္လည္လုပ္ေဆာင္ဖို႔ ေနာက္ဆုံးအခြင့္အေရးေပးမွာပါ။ ဒါေပမယ့္ ႐ုရွားအစိုးရဟာ ျပည္ပႏိုင္ငံေတြမွာ ရွိေနတဲ့ ႐ုရွားႏိုင္ငံသားေတြရဲ႕ရင္းႏွီးျမႇဳပ္ ႏွံမႈေတြကို ကာကြယ္ေပးသြားမွာပါ" လို႔ ေျပာပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္ဝါရီလ ၂၄ ရက္က ယူကရိန္းႏိုင္ငံအေပၚ ႐ုရွားတပ္ဖြဲ႕မ်ား စတင္တိုက္ခိုက္ခဲ့ၿပီးေနာက္ပိုင္း အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုႏိုင္ငံေတြဟာ ႐ုရွားႏိုင္ငံအေပၚ ပိတ္ဆို႔မႈအမ်ိဳးမ်ိဳး ခ်မွတ္ခဲ့တယ္လို႔ သိရပါတယ္။ အေနာက္အုပ္စုႏိုင္ငံေတြဟာ ႐ုရွားႏိုင္ငံအေပၚ ပိတ္ဆို႔မႈခ်မွတ္႐ုံသာမက ဥေရာပႏိုင္ငံမ်ားရွိ ႐ုရွား စီးပြားေရးလုပ္ငန္းရွင္မ်ားရဲ႕ပိုင္ဆိုင္မႈေတြနဲ႔ ႐ုရွားအစိုးရရဲ႕ အရန္ေငြေၾကးမ်ားကို သိမ္းယူျခင္းမ်ား ရွိေနခဲ့တယ္လို႔ သိရပါတယ္။ အေနာက္အုပ္စုႏိုင္ငံေတြဟာ ႐ုရွား ဘီလ်ံနာေတြ၊ ႐ုရွားစီးပြားေရးလုပ္ငန္းရွင္မ်ားရဲ႕ပိုင္ဆိုင္မႈေတြကို သိမ္းယူၿပီး ယူကရိန္းႏိုင္ငံအေပၚ ကူညီေထာက္ပံ့ေပးဖို႔လည္း စီစဥ္ေနေၾကာင္း မၾကာေသးမီက သတင္းမ်ားထြက္ေပၚလာခဲ့ပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆက်တိုက်ဖမ်းဆီးခံနေရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ