မြန်မာ-တရုတ်လျှပ်စစ်ဓာတ်အားစနစ် အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်ရေးစီမံချက်ကို အကောင်အထည်ဖော်မည်
မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၁၅
မြန်မာ-တရုတ်လျှပ်စစ်ဓာတ်အားစနစ် အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်ရေးစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်-မြန်မာစီးပွားရေး စင်္ကြံအကောင်အထည်ဖော်ရေးကော်မတီထံမှ သတင်းရရှိသည်။
လက်ရှိတွင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံအကောင်အထည်ဖော်ရေးကော်မတီအနေ ဖြင့် စွမ်းအင်းပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအဖွဲ့ ဖွဲ့စည်းကာ ၎င်းစီမံချက်အား အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့ကို စွမ်းအင်ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။
၎င်းလုပ်ငန်းအဖွဲ့အား လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးရေးဆိုင်ရာနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာတို့တွင် ပူးပေါင်းဆောင်ရွက်သွားရန်အကောင် အထည်ဖော်ရေးကော်မတီက တာဝန်ပေးထားသည်။
ထို့ပြင် တရုတ်-မြန်မာလျှပ်စစ်ဓာတ်အားစနစ် အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်ရေးစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လည်း စွမ်းအင်ပူးပေါင်းဆောင် ရွက်မှုလုပ်ငန်းအဖွဲ့ကို တာဝန်ပေးထားသည်။
အလားတူ အဆိုပါအဖွဲ့အနေဖြင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံနှင့် ဆက်နွယ်သော လုပ်ငန်းကဏ္ဍများနှင့်သက်ဆိုင်သည့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိကြောင်း သတ်မှတ်ထားသည်။
နစကအနေဖြင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံအကောင်အထည်ဖော်ရေးကော်မတီကို ဝန်ကြီးအများအပြားဖြင့် ဖွဲ့စည်းပေးကာ အကောင်အထည်ဖော်နေလျက်ရှိသည်။
၎င်းကော်မတီအနေဖြင့် နှစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာစီမံကိန်းများကို အပြန်အလှန်အကျိုးရှိရှိ ဆောင်ရွက်ရန်၊ အတွေ့အကြုံဖလှယ်ရန်နှင့် စီးပွားရေးစင်္ကြံ ဖွံ့ဖြိုးတိုးတက်ရေးနှင့်သက်ဆိုင်သည့် အဓိကကျသောကိစ္စရပ်များကို အဆိုပြုရန်နှင့် လေ့လာရန် နစကမှ တာဝန်ပေးထားကြောင်း သိရသည်။
လက်ရှိတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားသည့်နိုင်ငံအများအနက် အများဆုံးနိုင်ငံတစ်ခုတွင် ပါဝင်လျက်ရှိပြီး လျှပ်စစ်ကဏ္ဍများတွင်လည်း ရင်းနှီး မြှုပ်နှံမှုပြုလုပ်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘုတ်ပြင်း၌ ခရီးသည်တင်ကားကို အကြမ်းဖက်အဖွဲ့မှ ပစ်ခတ်ခဲ့ပြီးနောက် ပြန်လည်ဆေးကုပေးသော် လည်း (၉)နှစ်အရွယ် ကျောင်းသားနှင့် မိန်းကလေးတစ်ဦး သေဆုံးခဲ့
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း