နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ IAEA ရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တာဝန်ရှိသူများကို အီရန်အာဏာပိုင်များ နှင်ထုတ်
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၈
အီရန်နိုင်ငံဟာ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ IAEA ရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တာဝန်ရှိသူများကို နိုင်ငံအတွင်းက နှင်ထုတ်လိုက်ကြောင်း သိရပါတယ်။
IAEA ရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တာဝန်ရှိသူတွေဟာ အီရန်နိုင်ငံရဲ့နျူကလီးယား လက်နက်အခြေအနေများကို စောင့်ကြည့်စုံစမ်းနေခြင်းဖြစ်ကြောင်း သိရပါတယ်။ IAEA အဖွဲ့ ညွှန်ကြားရေးမှူး ရာဖေးလ်ဂရောစီကတော့ အီရန် နိုင်ငံရဲ့လုပ်ရပ်က သင့်တော်မှုမရှိသလို တွေ့ကြုံဖူးခြင်းလည်း မရှိကြောင်း ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
ရာဖေလ်း ဂရော့စီဟာ အီရန်နိုင်ငံက IAEA အဖွဲ့တာဝန်ရှိသူများကို နှင်ထုတ်တဲ့အကြောင်းကို အတည်ပြုခဲ့ပေမယ့် ဘယ်နှစ်ဦး နှင်ထုတ်ခံရသလဲဆိုတဲ့အချက်ကို အတိအကျပြောဆိုခြင်း မရှိသေးပါဘူး။ အီရန်နိုင်ငံခြားရေးဝန်ကြီး ဌာနကတော့ အနောက်အုပ်စုနိုင်ငံတွေဟာ IAEA အဖွဲ့ကို ၎င်းတို့ရဲ့ကိုယ်ပိုင်နိုင်ငံရေး ရည်ရွယ်ချက်နဲ့ အသုံးချနေ ကြောင်း ဝေဖန်ထားပါတယ်။
အီရန်ဟာ ၂ဝ၁၅ ခုနှစ်တုန်းက ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ အမေရိကန်တို့နဲ့ နျူကလီးယားဆိုင်ရာစာချုပ်တွေ ချုပ်ဆို ခဲ့ပြီး အဲဒီစာချုပ်အရ အမေရိကန် အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက အီရန်နိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေ လျော့ချရမယ်လို့ သတ်မှတ်ထားပါတယ်။ အပြန်အလှန်အနေနဲ့ အီရန်က ယူရေနီယံသန့်စင်မှုတွေကို ဖျက်သိမ်းပစ်ရမယ်လို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။
နျူကလီးယားလက်နက်များ မပြန့်ပွားရေးစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံပေါင်း ၆၁ နိုင်ငံက အီရန်နိုင်ငံ အနေနဲ့ လျှို့ဝှက်လုပ်ဆောင်ထားတဲ့ နျူကလီးယားနေရာ သုံးခုရှိနေခြင်းကို ရှင်းပြစေလိုကြောင်း ဒီသီတင်းပတ် အစောပိုင်းက တောင်းဆိုခဲ့ပါတယ်။ အီရန်နိုင်ငံဟာ နျူကလီးယားထုတ်လုပ်နိုင်ဖို့ ယူရေနီယံသန့်စင်မှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး နျူကလီးယားထုတ်လုပ်ဖို့ လိုအပ်တဲ့ ယူရေနီယံ ၉ဝ ရာခိုင်နှုန်းနီးပါးအထိ သန့်စင်ထားတယ်လို့ အစောပိုင်းက သတင်းများထွက်ပေါ်ခဲ့ဖူးပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
BRI တွင်ပါဝင်သော နိုင်ငံများ နှင့် အာဆီယံနိုင်ငံများ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်စေရန် တရုတ်သည် အဓိကနိုင်ငံအဖြစ်ရှိနေဟု နစကဝန်ကြီးဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ