နွေစပါး နှင့် ပဲတီစိမ်းသီးနှံ ဧက(၁၃)သိန်းစီမံကိန်းကို နစကဒုဝန်ကြီး ဦးဆောင်ကာ လုပ်ငန်းကြီးကြပ်မည်
မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၁၆
နွေစပါး ဧက(၈)သိန်းခွဲနှင့် ပဲတီစိမ်းသီးနှံ ဧက(၅)သိန်း စီမံကိန်းကို ဆောင်ရွက်မည်ဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဒုတိယဝန်ကြီးဦးဆောင်ကာ လုပ်ငန်းကြီးကြပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ပဲတီစိမ်းနှင့် နွေးစပါးစီမံကိန်းအတွက် ပြည်ထောင်စုအဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
၎င်းရန်ပုံငွေဖြင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ပြီး တစ်ဦးချင်းဝင်ငွေ တိုးတက်စေရန် ရည်ရွယ်ကာ နွေးစပါးသီးနှံ ဧက (၈၅ဝဝဝဝ)နှင့် ပဲတီစိမ်းသီးနှံဧက (၅ဝဝဝဝဝ) စီမံကိန်းကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဝန်ကြီးဌာနက ဆိုထားသည်။
အဆိုပါစီမံကိန်းအား ကြီးကြပ်ရန်အတွက် ပြည်ထောင်စုအဆင့်လုပ်ငန်းကြီးကြပ်မှုကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီး လယ်/ဆည်ဒုဝန်ကြီးက ဦးဆောင်သွားမည်ဖြစ် ကြောင်း သိရသည်။
စီမံကိန်း၏ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် ချေးငွေဆိုင်ရာဘဏ္ဍာငွေ စည်းမျဉ်း၊ စည်းကမ်းများ ကိုက်ညီမှုရှိ၊ မရှိ ကြီးကြပ်လမ်းညွှန်ရန်နှင့် ချေးငွေစာချုပ် အတည်ပြုချက်ရရှိရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းရန် ကော်မတီကို တာဝန်ပေးထားကြောင်း သိရသည်။
ထို့ပြင် နွေးစပါးနှင့်ပဲတီစိမ်းစီမံကိန်းနှင့်ပတ်သက်၍ ဝယ်ယူ၊ ကြိတ်ခွဲ၊ တင်ပို့သူအစုအဖွဲ့များ ရွေးချယ်ခြင်း၊ တောင်သူအစုအဖွဲ့/သမအသင်း ဖွဲ့စည်းခြင်းကို အတည်ပြုပေးရန်အတွက်လည်း ပြည်ထောင်စုအဆင့်လုပ်ငန်းကြီးကြပ်မှုကော်မတီ၌ တာဝန်ရှိကြောင်း ဝန်ကြီးဌာနက ဆိုထားသည်။
မကြာခင်အချိန်တွင် တောင်သူလယ်သမားများအနေဖြင့် နွေစပါးစတင်စိုက်ပျိုးရန်အတွက် စီစဉ်ပြင်ဆင်လျက်ရှိကြောင်းသိရပြီး ဓာတ်မြေသြဇာဈေးနှုန်းများ ဆက်လက်ကြီးမြင့်လျက်ရှိနေသည့်အတွက် တောင်သူများအပေါ် အခက်အခဲဖြစ်စေကြောင်းလည်း မှတ်ချက်ပြုပြောဆိုထားကြသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယီမင်နိုင်ငံကမ်းလွန်ပင်လယ်ပြင်တွင် သိမ်းဆည်းရမိထားသော လက်နက်များကို ယူကရိန်းသို့ပေးပို့ရန် အမေရိကန်အစိုးရစီစဉ်နေ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း