ထိုင်းနိုင်ငံမှာတရားမဝင်နေထိုင်နေတဲ့ မွန်အမျိုးသမီးတစ်ဦးကို M-16 သေနတ်ကျည်ဆံများ၊ ကျည်ကပ်များနဲ့အတူ ဖမ်းဆီးရမိဟု ထိုင်းရဲတပ်ဖွဲ့ပြော
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၈
ထိုင်းရဲတပ်ဖွဲ့ဟာ စက်တင်ဘာလ ၁၆ ရက်က Sangkhla Buri မှာ မြန်မာနိုင်ငံသား မွန်အမျိုးသမီးတစ်ဦးကို M-16 သေနတ် ကျည်ဆံ ၉၂၀ နဲ့အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဆန်ခလာဘူရီခရိုင်အတွင်း နုန်လုခရိုင်ခွဲရှိ ရွာတစ်ရွာမှာရှိတဲ့ Delivery ပို့ဆောင်တဲ့ ကုမ္ပဏီရဲ့ဝန်ထမ်းတစ်ဦးက ၎င်းပို့ဆောင်ရမယ့် အထုတ်အတွင်းမှာကျည်ဆံများထည့်ထားတယ်လို့ သံသယရှိတဲ့အတွက် ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ရာကနေ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။ ဝန်ထမ်းများက ပါဆယ်ထုပ်ရဲ့ပေါက်နေတဲ့ နေရာတစ်ခုကနေအတွင်းကို ကြည့်ရှုခဲ့ရာမှ ကျည်ဆံများကိုတွေ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ပါဆယ်ထုပ်အပေါ်မှာ အိမ်အမှတ် ၂၄၁ နေ Peerapol Pannaree လို့လိပ်စာတပ်ထားပြီး ချောင်ဘူရီပြည်နယ်၊ ဘန်ဘန်းခရိုင်မှ Porntip ဆိုသူက ပေးပို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းရဲတပ်ဖွဲ့ဟာ အဆိုပါ ဝန်ထမ်းရဲ့သတင်းပေးချက်အတိုင်း ပါဆယ်ထုတ်ကိုလာရောက်စစ်ဆေးခဲ့ရာ ပါဆယ်ထုပ်ထဲမှာကျည်ဆံနဲ့ ကျည်ကပ်တွေကို တွေ့ရှိခဲ့ရကြောင်း၊ ကျည်ဆံ ၅၀ စီပါဝင်တဲ့ ကျည်ကပ် ၁၈ခု၊ ကျည်ဆံ ၂၀ စီပါဝင်တဲ့ ကျည်ကပ် ၁ ခု၊ ကျည်ဆံ ၉၂ဝ ပါတဲ့ အမ်-၁၆ ကျည်ကပ် ၂၀ ကိုလည်း တွေ့ရှိခဲ့ကြောင်းသိရပါတယ်။ ဒါကြောင့် ထိုင်းရဲတပ်ဖွဲ့ဟာ ကျည်ဆံများကိုစစ်ဆေးတွေ့ရှိခဲ့ပြီးနောက် တရားခံကို ချက်ချင်းဖမ်းဆီးမှုမရှိသေးဘဲ ကုမ္ပဏီဝန်ထမ်းကို လိပ်စာအတိုင်းပေးပို့စေခဲ့ပြီး ခပ်လှမ်းလှမ်းကနေ စောင့်ကြည့်နေခဲ့ကြောင်းသတင်းတွေကဖော်ပြထားပါတယ်။
ပါဆယ်ထုတ်ကို သွားရောက်ပို့ဆောင်ချိန်မှာ အမျိုးသမီးတစ်ဦးထွက်ယူခဲ့ပြီး အဲဒီအမျိုးသမီးကို ဖမ်းဆီးခဲ့ကြောင်း၊ အဆိုပါ အမျိုးသမီးကို စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသား မွန်အမျိုးတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံမှာတရားမဝင်နေထိုင်နေတာ (၁၃)နှစ်ရှိနေပြီဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မွန်အမျိုးသမီးဟာ ပါဆယ်ထုတ်မှာပါဝင်တဲ့ ကျည်ဆံများ၊ ကျည်ကပ်များက ၎င်းပိုင်ဆိုင်တာမဟုတ်ကြောင်း ငြင်းဆိုထားပေမယ့် ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်နေကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး ကာကွယ်ရေး နှင့် စီးပွားရေးကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရန် ဆွေးနွေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း