ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ(၄၇၀)ကျော်ရှိရာ ယာယီပိတ်သိမ်း ထားသည့် အေဂျင်စီ(၁၀)ခုရှိနေဟုဆို
ယွန်း (NSS) - စက်တင်ဘာ ၁၇
ပြည်ပသို့ အလုပ်သမား တရားဝင်စေလွှတ်သည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင် စင်ရအေဂျင်စီ(၄၇၀)ကျော်ရှိရာ (၁၀)ခုသည် ယာယီပိတ်သိမ်းထားကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က စက်တင်ဘာလ(၁၆)ရက်တွင် ရန်ကုန်မြို့ Chatrium Hotel ၌ ကျင်းပခဲ့သည့် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင် မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ၏ နှစ်ပတ်လည်အစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ်၊ သြဂုတ်လအထိ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ (၄၇၇)ခုရှိသော်လည်း ယာယီပိတ်သိမ်းထားသည့် အေဂျင်စီ (၁၀)ခုရှိပြီး လက်ရှိတွင် ဆောင် ရွက်နေသည့် အေဂျင်စီ (၄၆၇)ခုရှိကြောင်း သိရသည်။
အလားတူ (ထိုင်း)လိုင်စင်ရအေဂျင်စီ(၁၅၈)ခုရှိပြီး ယာယီပိတ်သိမ်းသည့် အေဂျင်စီရှစ်ခုရှိသဖြင့် လက်ရှိတွင်ဆောင်ရွက်နေသည့် (ထိုင်း)လိုင်စင်ရအေဂျင်စီ (၁၅၀)ရှိကြောင်း ပြည် ထောင်စုဝန်ကြီးက အသိပေးပြောကြားထားသည်။
ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်သည့် ပြည်ပအလုပ် အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီနှင့် အလုပ်သမားတို့အကြား ချုပ်ဆိုမည့် စံစာချုပ်ကို ပြီးခဲ့သည့် စက်တင်ဘာလ(၁)ရက်မှစ၍ စတင်အကောင်အထည်ဖော် ဆောင်ရွက်ရန် အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါစာချုပ်အရ မိသားစုလွှဲပို့ငွေများမှ လစဥ်အခြေခံလစာ၏ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းဖြင့် လွှဲပြောင်းပေးပို့ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီးဖြစ်သည်။
ထိုသို့ လွှဲပြောင်းနိုင်မည့်နည်းလမ်းများနှင့် အကျိုးကျေးဇူးများကိုလည်း ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းများ၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုရာတွင် အလုပ် သမားများအား ရှင်းပြပေးရန်လည်းလိုကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြား သည်။
တရားဝင်လမ်းကြောင်းမှ လွှဲပို့သည့်အတွက် မိခင်နိုင်ငံ၏ ဝင်ငွေတစ်ခုအဖြစ် ပြန်လည်ဝင်ရောက်လာမည်ဖြစ်ပြီး အလုပ်သမားများ၏ မိသားစုလူမှုစီးပွားများလည်း ကောင်းမွန်တိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်းစိန်မြို့နယ်တွင် အမျိုးသားတစ်ဦး ကားလမ်းဖြတ်ကူးစဉ် ကားတိုက်ခံခဲ့ရ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း