အင်းစိန်မြို့နယ်တွင် အမျိုးသားတစ်ဦး ကားလမ်းဖြတ်ကူးစဉ် ကားတိုက်ခံခဲ့ရ
သန့်ဇင် (NSS) - စက်တင်ဘာ ၁၇
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် ကုန်တင်ကားဝင်တိုက်မှုကြောင့် အမျိုးသားတစ်ဦး စိုးရိမ်ဖွယ်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၁၆ရက်)၊ ည ၇နာရီခွဲအချိန်တွင် အင်းစိန်မြို့နယ်၊ ရွာမအနောက် ဗန်းမော်ကျော်ငြိမ်းလမ်းထိပ်တွင် ဖြစ်ပွားခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
“အတိုက်ခံရတဲ့လူက လမ်းဖြတ်ကူးတာပါ။ ကားကလဲမိုးရွာထားတော့ စလစ်ဖြစ်ပြီး တိုက်မိတာပေါ့” ဟု တွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်ခံရမှုကြောင့် အင်းစိန်ကမ်းနားလမ်းတွင် နေထိုင်သည့် အသက်(၄၂)နှစ်အရွယ် ဦးသိန်းကိုဦးတွင် စိုးရိမ်ဖွယ်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“အနီရောင်အဆင့်တော့ သတ်မှတ်ထားပါတယ်။ အောက်မေးကွဲတယ်။ သွားလေးချောင်းကျွတ်သွားတယ်။ ခေါင်းကတော့ ဓာတ်မှန်ရိုက်ထားရတယ်။ နားတွေ၊ နှာခေါင်းတွေထဲကတော့ သွေးယိုတာတွေရှိပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
ဒဏ်ရာရရှိသည့် အမျိုးသားအား တွဲလက်လူမှုကူညီရေးအသင်းမှ အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လူမြင်ကွင်းမှာ ပျောက်ဆုံးလျက်ရှိနေတဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး အကျင့်ပျက်လာဘ်စားမှုများအတွက် စစ်ဆေးခံနေရ
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း