အသက်(၆၀)အရွယ် အမျိုးသားတစ်ဦးထံမှ ငွေကျပ်သိန်း(၂၀၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
Pearl (NSS) - စက်တင်ဘာ ၁၇
လောက်ကိုင်မြို့နယ်၌ အသက်(၆၀)နှစ်အရွယ် အမျိုးသားတစ်ဦးထံမှ ငွေကျပ်သိန်း (၂၀၀၀) ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၁၆ ရက်)၊ နေ့လည် ၁၂ နာရီ အချိန်ခန့်တွင် လောက်ကိုင်မြို့နယ်၊ မူကွာကျိုင်းကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် သတင်းအရသက်သေများနှင့်အတူ အဆိုပါကျေးရွာတွင်နေထိုင်သည့် လီချုံးဟော်၏နေအိမ်အား ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရှာဖွေရှာ ၎င်းနှင့်အတူ နေအိမ်အတွင်းမှ ဘိန်းဖြူအလေးချိန် ၅.၆၂ ကီလို(ဒေသကာ လ ပေါက်ဈေးတန်ဖိုးငွေကျပ် ၈၄၃ သိန်း) နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ်သိန်း ၁၂၀၀)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် လီချုံးဟော်(၆၀)နှစ်အား လောက်ကိုင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘရပ်ဆဲလ်မြို့ရှိ အသစ်ပြန်လည်ပြုပြင်ထားတဲ့ သမိုင်းဝင်ရုပ်တုကို ဖျက်ဆီးခဲ့တဲ့ ခရီးသွားဒဏ်ငွေချမှတ်ခံရ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း