ရုရှားနိုင်ငံအနေဖြင့် နိုင်ငံခြားကြေးစားစစ်သားများကို မလိုအပ်ကြောင်း သမ္မတပူတင်ထုတ်ဖော်ပြောဆို
Pika (NSS) - စက်တင်ဘာ ၁၆
ယခုနှစ်အတွင်း ရုရှားနိုင်ငံသား(၃)သိန်းသည် စစ်မှုထမ်းရန်အတွက် လက်မှတ်ရေးထိုးခဲ့ကြပြီး ရုရှားနိုင်ငံအနေဖြင့် နိုင်ငံခြားကြေးစားစစ်သားများကို မလိုအပ်ကြောင်း သမ္မတပူတင်က စက်တင်ဘာလ(၁၅)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
သမ္မတပူတင်က "ရုရှားစစ်တပ်ဟာ စစ်ဆင်ရေးတွေ လုပ်ဆောင်ဖို့အတွက် နိုင်ငံခြားကြေး စားစစ်သားတွေကို ခေါ်ယူဖို့ မလိုအပ်ပါဘူး"ဟု ပြောဆိုခဲ့သည်။
မြောက်ကိုရီးယာားခေါင်းဆောင်ကင်ဂျုံအန်းနှင့်တွေ့ဆုံစဉ်အချိန်အတွင်း မြောက်ကိုရီးယားသည် ရုရှားသို့ စစ်သားများစေလွှတ်ပေးရန်ကတိပြုခဲ့သည်ဆိုသည့် အနောက်အုပ်စုနိုင်ငံများ၏ ထင်ကြေးပေးမှုများကို ရုရှားသမ္မတပူတင်က ယခုကဲ့သို့ ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။
၎င်းက "ဒီနေ့မနက်အထိ စစ်မှုထမ်းဖို့ စာချုပ်ချုပ်ဆိုသူတွေဟာ လူ(၃)သိန်းရှိပါတယ်။ စစ် သားတွေကို အဆင့်မြင့်စစ်လက်နက်ပစ္စည်းတွေလည်း ပေးအပ်ထားပါတယ်"ဟု ပြောဆိုခဲ့သည်။
အမေရိကန်ကြေးစားစစ်သားများသည် ယူကရိန်းအတွက် တိုက်ပွဲဝင်ပေးနေပြီး အမေရိကန်နှင့် ၎င်း၏နေတိုးမဟာမိတ်အဖွဲ့ဝင်အချို့သည် တပ်ဖွဲ့များကို ယူကရိန်းသို့ ပုံမှန်စေလွှတ်ပေးနေကြောင်း ဘီလာရုစ်သမ္မတလူကာရှန်ကိုက စွပ်စွဲပြောဆိုခဲ့သည်။
ရုရှား-ယူကရိန်းပဋိပက္ခစတင်ဖြစ်ပွားသည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းကတည်း က ယူကရိန်းစစ်တပ်သို့ နိုင်ငံခြားကြေးစားစစ်သား(၁၂၀၀၀)ခန့်ဝင်ရောက်ခဲ့ပြီး လက်ရှိအချိန်တွင် နိုင်ငံခြားကြေးစားစစ်သား(၂၂၀၀)ခန့် ဆက်လက်လှုပ်ရှားနေဆဲဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ခန့်မှန်းပြောဆိုခဲ့သည်။ ပြီးခဲ့သည့်ဇွန်လက စတင်ခဲ့သော ယူကရိန်း၏ တန်ပြန်ထိုးစစ်ဆင်မှုများအတွင်း နိုင်ငံခြားကြေးစားစစ်သားများ သေဆုံးမှုသည် (၈၅)ရာခိုင်နှုန်းထိရှိခဲ့ကြောင်း အမေရိကန်နှင့် အနောက်အုပ်စုနိုင်ငံများမှ ကြေးစားစစ်သားများ၏ပြောကြားချက်ကို ကိုးကားပြီး ABC သတင်းဌာနက ဖော်ပြခဲ့သည်။
ယူကရိန်းသည် တန်ပြန်ထိုးစစ်ဆင်မှုသုံးလအတွင်း တပ်ဖွဲ့ဝင် (၇၁၀၀၀)နှင့် အနောက်အုပ် စုနိုင်ငံများမှ ထောက်ပံ့ပေးထားသော သံချပ်ကာယာဉ်များနှင့် စစ်လက်နက်ပစ္စည်းအများအပြားကို ဆုံးရှုံးခဲ့ရကြောင်း ရုရှားသမ္မတပူတင်က ယခုသီတင်းပတ်အစောပိုင်းတွင် ခန့်မှန်းပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းရှိ မည်သည့်ဘဏ်မှမဆို မြန်မာကျပ်ငွေ နှင့် ရုရှားရူဘယ် တိုက်ရိုက်ပေးချေနိုင်ရန် စီစဉ်ထားကြောင်း နစက အသိပေး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ