စာသင်ကျောင်းပေါင်း(၁၅၀၀)ကျော်ရှိသည့် ချင်းပြည်နယ်တွင် ယခုပညာသင်နှစ်၌ ကျောင်းပေါင်း(၅၈၀)ကျော်သာ ဖွင့်လှစ်နိုင်ခဲ့ဟုဆို
ယွန်း (NSS) - စက်တင်ဘာ ၁၆
အခြေခံပညာကျောင်းပေါင်း (၁၅၀၀)ကျော်ရှိသည့် ချင်းပြည်နယ်တွင် (၂၀၂၃- ၂၀၂၄) ပညာ သင်နှစ်၌ ကျောင်းပေါင်း(၅၈၃)ကျောင်းသာ ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
နစကအဖွဲ့ဝင် ဒေါက်တာမှုထန်က စက်တင်ဘာလ(၁၅)ရက်တွင် ဟားခါးမြို့ရှိ ချင်းပြည် နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် တွေ့ဆုံပွဲတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် နိုင်ငံတော်အစိုးရအနေဖြင့် အခြေခံပညာရေးကဏ္ဍတွင် နိုင်ငံသားတိုင်း KG+9 အနည်းဆုံး ပြီးမြောက်ရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချင်းပြည်နယ်တွင် အထူးသဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရန် ပညာရေးကို အထူးဦးစားပေးဆောင်ရွက်ရန် ဒေါက်တာမှုထန်က အသိပေးပြောကြားထားသည်။
ချင်းပြည်နယ်၌ အခြေခံပညာကျောင်းပေါင်း(၁၅၅၁)ကျောင်းရှိသည့်အနက် ယခု(၂၀၂၃- ၂၀၂၄) ပညာသင်နှစ်တွင် (၅၈၃)ကျောင်းသာ ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ကျောင်းတက်ရန် ခက်ခဲသည့် ကျောင်းသား၊ ကျောင်းသူများအားထောက်ပံ့ကြေး များပေးနိုင်ရန် ဆောင်ရွက်နေကြောင်း ဒေါက်တာမှုထန်က ဆက်လက်ပြောသည်။
ချင်းပြည်နယ်ရှိ ထန်တလန်မြို့နယ် အပါအဝင် အခြားသောနေရာများ၌ တပ်မတော်လုံခြုံ ရေးအဖွဲ့နှင့် ချင်းလက်နက်ကိုင်အဖွဲ့ CNF ပူးပေါင်းအဖွဲ့များကြားတွင် ၂၀၂၁ ခုနှစ် နောက် ပိုင်းမှစ၍ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရှိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်တွင် တိုင်းနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူ(၆)သန်းခွဲနီးပါးရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်ကုမ္ပဏီပိုင် TikTok အပ်ပ်ကို DPC က ယူရို(၃၄၅)သန်း ဒဏ်ရိုက်ခဲ့ဟုဆို
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း