ရသေ့တောင်မြို့နယ်၌ အလယ်တန်းပြ ဆရာမတစ်ဦး လည်လှီးသတ်ဖြတ်ခံရမှုဖြစ်ပွား
Pearl (NSS) - စက်တင်ဘာ ၁၆
ရသေ့တောင်မြို့နယ်၌ အလယ်တန်းပြ ဆရာမတစ်ဦး လည်လှီးသတ်ဖြတ်ခံခဲ့ရကြောင်း ရခိုင်ပြည်နယ်ရှိ လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက NSS ကို ပြောသည်။
ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၁၆ ရက်)၊ နံနက် (၁၀) နာရီခန့်တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပန်းဖော်ပြင်ရွာအနီး၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရသေ့တောင်မြို့နယ်၊ ကျွန်းပေါ်ပေါက်တောကျေးရွာတွင် နေထိုင်သော အလယ်တန်းပြ ကျောင်းဆရာမ ဒေါ်နှင်းယုနွယ် (၃၇) နှစ်သည် စာသင်ရန်အတွက် ၎င်းတာဝန်ကျရာ ပန်းဖော်ပြင်ကျေးရွာသို့သွားရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့သွားရောက်စဉ် ပန်းဖော်ပြင်ရွာအနီး ကားလမ်းနံဘေး၌ လည်လှီးကာ အသတ်ခံထားရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အလယ်တန်းပြ ဆရာမ ဒေါ်နှင်းယုနွယ်သည် လည်လှီးခံထားရသည့် ဒဏ်ရာနှင့်အတူ ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများမှာလည်း စုတ်ပြဲလျက်ရှိနေသည်ကို တွေ့ရှိကြောင်း အထက်ပါ လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူက ပြောသည်။
လက်ရှိတွင် ဆရာမ ဒေါ်နှင်းယုနွယ်အား မည်သူမည်ဝါ မည်သည့် အဖွဲ့အစည်းက လုပ်ကြံ သတ်ဖြတ်ခြင်းဖြစ်ကြောင်း အတည်ပြုဖော်ထုတ်နိုင်ခြင်း မရှိသေးဘဲ သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့်နှစ် ဇွန်လ ၂ဝ ရက် တွင်လည်း ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းနှစ်ဦးကို ARSA အဖွဲ့က ပြန်ပေးဆွဲသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။
ထို့ပြင် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ (၂) ရက်တွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ မြို့သူကြီးရပ်ကွက်ရှိ ပညာရေးမှူးရုံးတွင် အသက်(၆ဝ)အရွယ်ရှိ မောင်တောခရိုင်ပညာရေးမှူးဖြစ်သူ ဒေါက်တာမြင့်မြင့်စန်းကို လူ(၃)ဦးက ဓားဖြင့် ထိုးသတ်မှုဖြစ်ပွားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ကိုရီးယားနှင့်စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ မလုပ်ဆောင်ရန် ရုရှားကို တောင်ကိုရီးယား နှင့် အမေရိကန်အစိုးရတို့ သတိပေး
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း