ချောင်းဦးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးရုံးအတွင်း Drone များဖြင့် ဗုံးများ ပစ်ချတိုက်ခိုက်မှုကြောင့် ရုံးဝန်ထမ်း(၃)ဦး ဒဏ်ရာရရှိ
Pearl (NP News) - ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ စာသင်ကျောင်းနှင့် ဌာနဆိုင်ရာအဆောက်အအုံများအား အကြမ်းဖက်သမားများက Drone များဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ရက်၊ နေ့လည် ၂နာရီ ၁ဝမိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ချောင်းဦးအခြေခံအထက်တန်းကျောင်းနှင့် ဌာနဆိုင်ရာရုံးများတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ အထက်တန်းကျောင်း အပါအဝင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်စာရင်းစစ်ရုံးတို့အား အကြမ်းဖက်သမားများက ညောင်ပင်တဲကျေးရွာဘက်မှ Drone ယာဉ် ၂ စီးဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုထားသည်။
အဆိုပါပေါက်ကွဲမှုကြောင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းများဖြစ်သည့် ဦးနေဖြိုးဝင်း(၂၅)နှစ်၊ ဦးဟိန်းမင်းသန့် (၃၈)နှစ်နှင့် ဦးကျော်ဇေယျာစိုးထက်(၅၄)နှစ်တို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။
ထို့ပြင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်းရှိ ဧည့်ရိပ်သာတွင် တပ်ဆင်ထားသည့် မှန် ၁ ချပ်၊ ပြည်သူ့ဝန်ဆောင်မှုရုံး OSS တွင် တပ်ဆင်ထားသည့် ပြတင်း ပေါက်မှန် ၂ ချပ် နှင့် မြို့နယ်စာရင်းစစ်ရုံးမှ သွပ် ၅ ချပ်လည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များနှင့်ပတ်သက်၍ ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရန် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
zawgyi version
ေခ်ာင္းဦးၿမိဳ႕နယ္တြင္ အုပ္ခ်ဳပ္ေရးမႉး႐ုံးအတြင္း Drone မ်ားျဖင့္ ဗုံးမ်ား ပစ္ခ်တိုက္ခိုက္မႈေၾကာင့္ ႐ုံးဝန္ထမ္း(၃)ဦး ဒဏ္ရာရရွိ
Pearl (NP News) - ေဖေဖာ္ဝါရီ ၁၄
စစ္ကိုင္းတိုင္း၊ ေခ်ာင္းဦးၿမိဳ႕နယ္ရွိ စာသင္ေက်ာင္းႏွင့္ ဌာနဆိုင္ရာအေဆာက္အအုံမ်ားအား အၾကမ္းဖက္သမားမ်ားက Drone မ်ားျဖင့္ Drop Bomb မ်ား ပစ္ခ်တိုက္ခိုက္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၁၁ရက္၊ ေန႔လည္ ၂နာရီ ၁ဝမိနစ္အခ်ိန္ခန႔္တြင္ စစ္ကိုင္းတိုင္း၊ ေခ်ာင္းဦးၿမိဳ႕နယ္ ေခ်ာင္းဦးအေျခခံအထက္တန္းေက်ာင္းႏွင့္ ဌာနဆိုင္ရာ႐ုံးမ်ားတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ အထက္တန္းေက်ာင္း အပါအဝင္ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးႏွင့္ ၿမိဳ႕နယ္စာရင္းစစ္႐ုံးတို႔အား အၾကမ္းဖက္သမားမ်ားက ေညာင္ပင္တဲေက်း႐ြာဘက္မွ Drone ယာဥ္ ၂ စီးျဖင့္ Drop Bomb မ်ားပစ္ခ်တိုက္ခိုက္ခဲ့သျဖင့္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုထားသည္။
အဆိုပါေပါက္ကြဲမႈေၾကာင့္ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံး ဝန္ထမ္းမ်ားျဖစ္သည့္ ဦးေနၿဖိဳးဝင္း(၂၅)ႏွစ္၊ ဦးဟိန္းမင္းသန႔္ (၃၈)ႏွစ္ႏွင့္ ဦးေက်ာ္ေဇယ်ာစိုးထက္(၅၄)ႏွစ္တို႔တြင္ ဗုံးစထိမွန္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ သိရသည္။
ထို႔ျပင္ ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးမႉး႐ုံးဝင္းအတြင္းရွိ ဧည့္ရိပ္သာတြင္ တပ္ဆင္ထားသည့္ မွန္ ၁ ခ်ပ္၊ ျပည္သူ႔ဝန္ေဆာင္မႈ႐ုံး OSS တြင္ တပ္ဆင္ထားသည့္ ျပတင္း ေပါက္မွန္ ၂ ခ်ပ္ ႏွင့္ ၿမိဳ႕နယ္စာရင္းစစ္႐ုံးမွ သြပ္ ၅ ခ်ပ္လည္း ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း သိရသည္။
အထက္ပါျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ က်ဴးလြန္သူမ်ားအား ဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူႏိုင္ရန္ လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သီပေါမြို့တွင် ဘုန်းကြီးကျောင်း မီးလောင်ခဲ့ရာ ကျောင်းပေါ်တွင်အိပ်ပျော်နေသည့် ကိုရင်(၁)ပါး ပျံလွန်တော်မူခဲ့
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း