သီပေါမြို့တွင် ဘုန်းကြီးကျောင်း မီးလောင်ခဲ့ရာ ကျောင်းပေါ်တွင်အိပ်ပျော်နေသည့် ကိုရင်(၁)ပါး ပျံလွန်တော်မူခဲ့
NP News - ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ သီပေါမြို့ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ(၁၃)ရက်၊ ည(၉)နာရီခွဲအချိန်ခန့်တွင် သီပေါမြို့၊ စံဖိတ်ကျေးရွာရှိ မဏိရတနာစံဖိတ် ဘုန်းတော်ကြီးကျောင်း၏ ယာယီကျောင်းဆောင်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုအား သီပေါမြို့နယ်မီးသတ်စခန်းနှင့် လူမှုကူညီရေးအသင်းတို့မှ မီးငြှိမ်းသတ်မှုများဆောင်ရွက်ခဲ့ရာ (၁ဝ)နာရီခွဲအချိန်တွင် မီးငြိမ်းခဲ့ပြီး ယာယီကျောင်းဆောင်မှာ မီးလောင်ပျက်စီးခဲ့ကြောင်း မီးသတ်ဌာနမှဆိုထားသည်။
အဆိုပါ မီးလောင်မှုကြောင့် ကျောင်းဆောင်ပေါ်တွင် အိပ်ပျော်နေသည့် အသက်(၁ဝ) နှစ်အရွယ် ကိုရင်တစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မီးလောင်မှုမှာ ဘုရားမီးပူဇော်ရာမှဖြစ်ပွားခဲ့သည်ဟုသိရပြီး NP News အနေဖြင့် သီးခြားဖော်ပြနိုင်ခြင်းမရှိပေ။
zawgyi version
သီေပါၿမိဳ႕တြင္ ဘုန္းႀကီးေက်ာင္း မီးေလာင္ခဲ့ရာ ေက်ာင္းေပၚတြင္အိပ္ေပ်ာ္ေနသည့္ ကိုရင္(၁)ပါး ပ်ံလြန္ေတာ္မူခဲ့
NP News - ေဖေဖာ္ဝါရီ ၁၄
ရွမ္းျပည္နယ္၊ ေက်ာက္မဲခ႐ိုင္၊ သီေပါၿမိဳ႕ရွိ ဘုန္းႀကီးေက်ာင္းတစ္ေက်ာင္းတြင္ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာနမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ေဖေဖာ္ဝါရီလ(၁၃)ရက္၊ ည(၉)နာရီခြဲအခ်ိန္ခန႔္တြင္ သီေပါၿမိဳ႕၊ စံဖိတ္ေက်း႐ြာရွိ မဏိရတနာစံဖိတ္ ဘုန္းေတာ္ႀကီးေက်ာင္း၏ ယာယီေက်ာင္းေဆာင္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
မီးေလာင္မႈအား သီေပါၿမိဳ႕နယ္မီးသတ္စခန္းႏွင့္ လူ
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မာရဝိဇယရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၄)အား ရတနာပလ္လင်ထက်သို့ ထပ်မံပင့်ဆောင်ပြီးစီး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း