လေဖိအားနည်းရပ်ဝန်း အားလျော့သွားသော်လည်း မုတ်သုံကြောင့် ပြည်နယ်နှင့် တိုင်းအချို့တွင် မိုးရွာသွန်းမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ဟုဆို
ယွန်း (NSS) - စက်တင်ဘာ ၁၅
လေဖိအားနည်းရပ်ဝန်း အားလျော့သွားသော်လည်း မုတ်သုံကြောင့် ပြည်နယ်နှင့် တိုင်းအချို့တွင် မိုးရွာသွန်းမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလမှ ဆိုထားသည်။
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် အားကောင်းသောလေဖိအားနည်းရပ်ဝန်းမှာ လက်ရှိတွင် အားလျော့သွားပြီဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါလေဖိအားနည်းရပ်ဝန်း၏ သက်ရောက်မှုများသည် မြန်မာနိုင်ငံတွင် မရှိနိုင်သော်လည်း မုတ်သုံ ကြောင့် မိုးရွာသွန်းခြင်းများဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ဆိုသည်။
"လေဖိအားနည်းရပ်ဝန်း အားလျော့သွားတော့ နောက်ရက်တွေမှာ မိုးကတော့ နည်းသွားမယ်။ ဒါပေမယ့် မုတ်သုံ ကလည်း ရှိနေသေးတော့ မုတ်သုံကြောင့် မိုးရွာသွန်းမှုတော့ ရှိနေဦးမှာပေါ့" ဟု ဦးလှထွန်းက NP News ကို ပြော သည်။
အနောက်တောင်မုတ်သုံလေသည် စက်တင်ဘာလ(၁၂)ရက်မှ (၁၈)ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှ လည်းကောင်း၊ စက်တင်ဘာလ(၁၉)ရက်မှ (၂၅)ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှလည်းကောင်း ထွက်ခွာသွားနိုင်ကြောင်း မိုးဇလမှ ပြီးခဲ့သည့် သြဂုတ်လအတွင်း ထုတ်ပြန်ထားသည်။
ထို့နောက် အနောက်တောင်မုတ်သုံလေသည် စက်တင်ဘာလ(၂၆)ရက် နှင့် အောက်တိုဘာလ(၁)ရက်များတွင် မြစ်ဝကျွန်းပေါ်ဒေသများမှ ဆုတ်ခွာသွားနိုင်ပြီး မြန်မာတစ်နိုင်ငံမှ မုတ်သုံလေထွက်ခွာနိုင်ကြောင်း မိုးဇလမှ ခန့်မှန်း ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အနောက်အုပ်စုက ဖိအားပေးမှုများရှိနေပေမယ့် မြန်မာနိုင်ငံမှာ ဂျပန်အခြေစိုက်စီးပွားရေးလုပ်ငန်းပေါင်း ၄ဝဝ ကျော် ဆက်ရှိနေ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း