အနောက်အုပ်စုက ဖိအားပေးမှုများရှိနေပေမယ့် မြန်မာနိုင်ငံမှာ ဂျပန်အခြေစိုက်စီးပွားရေးလုပ်ငန်းပေါင်း ၄ဝဝ ကျော် ဆက်ရှိနေ
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၅
မြန်မာနိုင်ငံမှာ အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဂျပန်နိုင်ငံအခြေစိုက် ကီရင်စီးပွားရေးလုပ်ငန်းစု နဲ့ Eneos ကုမ္ပဏီတို့ဟာ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နေခြင်းကို ပြန်လည်ရုတ်သိမ်းခဲ့ပေမယ့် ဂျပန် စီးပွားရေးလုပ်ငန်းပေါင်း ၄ဝဝ ကျော်က မြန်မာနိုင်ငံမှာ လုပ်ငန်းများ ဆက်လက်လုပ်ကိုင်လျက်ရှိနေဆဲဖြစ်ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံမှာ ၂ဝ၂၁ ခုနှစ်က အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံများ ရဲ့ဖိအားပေးမှုများ အပြင် ပိတ်ဆို့မှုများကြောင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်ပ စီးပွားရေးလုပ်ငန်းများ ပြန်လည်ရုတ်သိမ်းမှုတွေရှိခဲ့ကြောင်း သိရပါတယ်။
ဒါပေမယ့် တရုတ်၊ ထိုင်းနဲ့ ဂျပန်နိုင်ငံတို့ကတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆက်လက်လုပ်ကိုင် လျက်ရှိနေဆဲဖြစ်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံ နဲ့ ရုရှားနိုင်ငံတို့ဟာ သမိုင်းဝင်ဆက်ဆံရေးရှိနေတဲ့ နိုင်ငံတွေ ဖြစ်ရာ မြန်မာနိုင်ငံရေးတည်ငြိမ်ကောင်းမွန်မယ်ဆိုရင် မြန်မာဈေးကွက်က ပိုမိုကြီးထွားလာဖွယ်ရှိနေကြောင်း သိရပါတယ်။
မြန်မာနိုင်ငံရဲ့ဆောက်လုပ်ရေးလုပ်ငန်းမှာ ပါဝင်လုပ်ကိုင်နေတဲ့ Mitsubishi Corp. စီးပွားရေးလုပ်ငန်းစုနဲ့ Mitsubishi Estate စီးပွားရေးလုပ်ငန်းစုတို့ ပူးပေါင်းပါဝင်နေတဲ့ ရန်ကုန်မြို့လယ်ခေါင်ရှိ အိမ်ယာဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းဟာ လက်ရှိအချိန်မှာ ဆိုင်းငံ့ထားရကြောင်း သိရပါတယ်။
တိုယိုတာမော်တာ ကားထုတ်ရေးကုမ္ပဏီဟာ မြန်မာနိုင်ငံမှာအစောပိုင်းက နေ့စဉ် နှစ်စီးသာ ထုတ်လုပ်နိုင်ခဲ့ ပေမယ့် လက်ရှိအချိန်မှာ ကားအစီးရေအတွက်ကို လေးစီးကနေ ငါးစီးအထိ ထုတ်လုပ်နေကြောင်း တိုယိုတာ ကားထုတ်လုပ်ရေးကုမ္ပဏီနဲ့နီးစပ်တဲ့သတင်းအရင်းမြစ်က ပြောဆိုထားကြောင်း ဂျပန်အခြေစိုက် asia.nikkei သတင်းဌာနက ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ လုပ်ကိုင်လျက်ရှိနေတဲ့ Japanese accountant တစ်ဦးက "ကုမ္ပဏီတွေဟာ ရင်းနှီးမြှုပ်နှံမှုတွေ လျော့ချတာမျိုးတွေ ရှိနေတယ်" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းမှာ တရားဝင်မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကစက်မှုလုပ်ငန်းပေါင်း လေးသောင်းခြောက်ထောင် ခန့်ရှိ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း