တရုတ်-မြန်မာ နှစ်နိုင်ငံ ဝင်ထွက်ခွင့်ကဒ်များကို ရက်ချိန်းစနစ်ဖြင့် ထုတ်ပေးမည်
NSS - စက်တင်ဘာ ၁၅
မူဆယ်နယ်စပ်မှ တရုတ်ပြည်ဝင်ခွင့်ရရန် လူထောင်ချီပြီး တန်းစီစောင့်ဆိုင်းနေကြသောကြောင့် ရက်ချိန်းစနစ်ဖြင့် ပြောင်းလဲထားကြောင်း လဝက မှ သိရသည်။
“တစ်ရက်ကို လူဦးရေ ငါးရာနှုန်းနဲ့ ရက်ချိန်းကြိုယူတဲ့စနစ် ပြောင်းထားပါတယ်။ ရက်ချိန်းနေ့ရောက်ရင် နေ့ချင်းပြီး တရုတ်ပြည်ကို ဝင်ထွက်ခွင့်ရမှာပါ” ဟု မူဆယ်နယ်စပ်လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မူဆယ်-ရွှေလီ ဝင်ထွက်ခွင့်တစ်ခါသုံးကဒ် TBP အား စက်တင်ဘာ ၄ ရက်မှစတင်ပြုလုပ်ပေးနေသောကြောင့် လက်ရှိတွင် တရုတ်ပြည် ရွှေလီဘက်အခြမ်းသို့ သွားရောက်အလုပ်လုပ်ကိုင်ချင်သူများ များပြားလျက်ရှိသည်။
မြန်မာနိုင်ငံသား မှတ်ပုံတင်ကိုင်ဆောင်ထားသူ မည်သူမဆို နှစ်နိုင်ငံဝင်ထွက်ခွင့်ကဒ် ၆ ညအိပ် ၇ ရက်ကဒ် ပြုလုပ်ပေးနေခြင်းဖြစ်ပြီး နန်းတော်ဂိတ် ၊ မန်ဝိန်းဂိတ် ၊ ဆင်ဖြူဂိတ်တို့တွင် စတင်ဆောင်ရွက်ပေးနေသည်။
လက်ရှိတွင် မြန်မာဘက်မှ သွားရောက်လိုသူများကို အချက်အလက်ဖြည့်သွင်းပေးရန် လွယ်ကူသော်လည်း တရုတ် ပြည်ဘက်မှ QR ကုဒ်စနစ်စက်သည် တစ်ရက်လျင် လူဦးရေ ၅ဝဝ ခန့်သာ စစ်ဆေးနိုင်ကြောင်းသိရသည်။
မြန်မာဘက်က တရုတ်ပြည်သို့ သွားရောက်လိုသူများသည် QR ကုဒ်စနစ်အတွင်း ဝင်ရောက်ပြီးပါက နောက်တစ်ကြိမ် ကဒ်ထပ်လုပ်စရာမလိုဘဲ ဝင်ထွက်သွားလာခွင့်ရရှိမည်ဖြစ်သည်။
နှစ်နိုင်ငံတရားဝင် ဝင်ထွက်ခွင့်ကို တရုတ်ပြည်ဘက်မှ ကိုဗစ်ကာလကတည်းက ပိတ်ထားခဲ့ရာ သုံးနှစ်နီးပါးကြာမြင့်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သမ္မတဂျိုးဘိုင်ဒန်ကို စွပ်စွဲပြစ်တင်ကာ စုံစမ်းစစ်ဆေးမယ့်ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံအတွင်း နှစ်ခြမ်းကွဲနေ
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း