ဓာတ်တိုင်ပေါ်ရှိ လျှပ်စစ်ဓာတ်ကြိုးအား တက်ရောက်ဖြုတ်ခိုးသည့်အမျိုးသား ဓာတ်လိုက်သေဆုံးမှု သံဖြူဇရပ်မြို့တွင် ဖြစ်ပွား
သန့်ဇင် (NSS) - စက်တင်ဘာ ၁၅
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၌ လမ်းဘေးဓာတ်တိုင်ပေါ်ရှိ လျှပ်စစ်ဓာတ်အားကြိုးအား တက်ရောက်ဖြုတ်ခိုးသည့် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၁၅ ရက်)၊ နံနက် ၆ နာရီအချိန်တွင် သံဖြူဇရပ်မြို့၊ အောင်ကုသိုလ်ရပ်ကွက်၊ ဘုရာကြီးလမ်းနှင့် ရှင်စောပုလမ်းထောင့်ရှိ ဓာတ်တိုင်ပေါ်တွင်ဖြစ်ပွားခဲ့ကြောင်း ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းထံမှ သိရသည်။
“မနက်ပိုင်းကို မီးမလာဘူးထင်ပြီး ဓာတ်တိုင်ပေါ်တက်မီးကြိုးတက်ခိုးတာမှာ ဓာတ်လိုက်ပြီး သေတယ်ပေါ့နော်။ သေတာကလဲ ဓာတ်တိုင်ပေါ်မှာဆိုတော့ သူ့ကို ဓာတ်တိုင်ပေါ်ကနေ ကြိုးနဲ့တက်ဖြုတ်ပြီး အောက်ချရတာပေါ့” ဟု ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ ဓာတ်လိုက်သေဆုံးသူအမျိုးသားမှာ အသက်(၃၇)နှစ်ဝန်ကျင်အရွယ် သံဖြူဇရပ်မြို့တွင် နေထိုင်သူဖြစ်ပြီး လမ်းပေါ်သို့ သွယ်တန်းထားသော လျှပ်စစ်ဓာတ်အားကြိုး(ကြေးကြိုး) အား တက်ခိုးစဉ်ဓာတ်လိုက် သေဆုံးသွားခဲ့ကြောင်း သိရသည်။
“သူမိသားစုဝင်ကတော့ ဆေးရုံရောက်မှ လိုက်လာမယ်ပြောတယ်။ ဓာတ်တိုင်ကတော့ အခုနောက်ပိုင်းမှ အသစ်လဲထားတဲ့ကွန်ကရစ်တိုင်တွေပါ။ အမြင့်က ပေ(၃ဝ)နီးပါးလောက်တော့ မြင့်မယ်ဗျ” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့နောက် သေဆုံးသူအမျိုးသားအား ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းမှ သံဖြူဇရပ်မြို့နယ်ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို ရုရှားနိုင်ငံခြားရေးဝန်ကြီး ချီးကျူးပြောဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း