ဂရင်းလန်း၊ အာတိတ်မှာ ခရီးသည် ၂ဝ၆ ဦး လိုက်ပါလာတဲ့ အပျော်စီးသင်္ဘော ပိတ်မိနေ
ရောင်နီ (NSS) - စက်တင်ဘာ ၁၅
ဝေးလံခေါင်ဖျားတဲ့ အရပ်ဒေသတစ်ခုဖြစ်တဲ့ ဂရင်းလန်း၊ အာတိတ်မှာ လူ ၂ဝ၆ ဦး လိုက်ပါလာတဲ့ ဇိမ်ခံ အပျော်စီး သင်္ဘောတစ်စင်းဟာ သောင်တင် ပိတ်မိနေပါတယ်။
Ocean Explorer အမည်ရှိ အဆိုပါသင်္ဘောဟာ အရှေ့မြောက် ဂရင်းလန်း အမျိုးသားဥယျာဉ် Alpefjord ရှိ အာတိတ်စက်ဝိုင်းအထက်မှာ တနင်္လာနေ့ ( စက်တင်ဘာ ၁၁ ရက်) မှစ သောင်တင်နေခဲ့ပါတယ်။ ဥယျာဉ်ဟာ ပြင်သစ်နဲ့ စပိန်နယ်စပ်မှာရှိပြီး ၉၇၂ဝဝဝ စတုရန်းကီလိုမီတာ ကျယ်ဝန်းကာ ခန့်မှန်းခြေနေရာရဲ့ ၈ဝ ရာခိုင်နှုန်းဟာ ရေခဲလွှာတွေ အမြဲတမ်း ဖုံးအုပ်နေပါတယ်။ Ocean Explorer ရဲ့အမှုထမ်းတွေက သင်္ဘောကို ဒီရေတက်ချိန်မှာ ရေစီးကြောင်းအတိုင်း ပြန်မျောစေဖို့ နှစ်ကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒိန်းမတ်စစ်တပ် Joint Arctic Command (JAC) က အဆိုပါ ဒီရေဟာ ၁၀၄ မီတာ (၃၄၁ ပေ) ရှိတဲ့ Ocean Explorer ကို ချောချောမွေ့မွေ့ပင်လယ်ထဲ မျောလွင့်စေဖို့ လုံလောက်တဲ့အရှိန်အဟုန်မရှိဘူးလို့ ပြောကြားခဲ့ပါ တယ်။ ဂရင်းလန်းမှာ တပ်စွဲထားတဲ့ တပ်ဖွဲ့ဝင်တွေက Ocean Explorer ကို စစ်ဆေးပြီး သင်္ဘောပေါ်ရှိ ခရီးသည် အားလုံး အခြေအနေကောင်းမွန်ကြောင်း ပြောကြားခဲ့ပါတယ်။
ဂရင်းလန်းဟာ ဖာရိုးကျွန်းတွေလိုပဲ ဒိန်းမတ်နိုင်ငံရဲ့တစ်စိတ်တစ်ပိုင်း လွတ်လပ်တဲ့နယ်မြေတစ်ခုဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၁၃ ရက်) က ဒေသရဲ့ရာသီဥတုဟာ နေသာပြီး၊ ကောင်းကင်အခြေအနေ ကြည်လင်ကာ အပူချိန် ၅ ဒီဂရီစင်တီဂရိတ် (၄၁ ဒီဂရီဖာရင်ဟိုက်) ခန့်ရှိတယ်လို့ ဒိန်းမတ်မိုးလေဝသဌာနမှ ပြောကြားချက်အရ သိရပါတယ်။
Ocean Explorer သင်္ဘောကို ၂ဝ၂၁ ခုနှစ်က တည်ဆောက်ခဲ့ပြီး Denmark's SunStone Group ရဲ့ တစ်စိတ် တစ်ပိုင်းဖြစ်တဲ့ Copenhagen SunStone Ships မှ ပိုင်ဆိုင်ပါတယ်။ ၎င်းမှာ အခန်းငယ် ၇၇ ခန်း၊ ခရီးသည် ကုတင် ၁၅၁ လုံး၊ အမှုထမ်းတွေအတွက် ခုတင် ၉၉ လုံးနဲ့ စားသောက်ဆိုင် အများအပြား ပါရှိတယ်လို့ Sunstone Group ဝက်ဘ်ဆိုက်မှ ဖော်ပြချက်အရ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မက္ကဆီကိုမှာ UFO တည်ရှိမှုနဲ့ပတ်သက်ပြီး အတည်ပြုဖို့ ဂြိုလ်သားအလောင်းတွေ စစ်ဆေးနေ
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း