မြန်မာနိုင်ငံ၌ကျင်းပသည့် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးသို့ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှလွဲ၍ ကျန်နိုင်ငံများ တက်ရောက်
မျိုးကြီး (NSS) - စက်တင်ဘာ ၁၄
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးသို့ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှလွဲ၍ ကျန်နိုင်ငံများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
အကြိမ်(၂၀)မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးကို ယမန်နေ့(စက်တင်ဘာလ ၁၃ ရက်)တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန၌ကျင်းပခဲ့သည်ဟု နစကမှ သတင်းထုတ်ပြန်ထားသည်။
ယင်းအစည်းအဝေးသို့ ဘရူနိုင်းလေတပ်ဦးစီးချုပ် Brig. Gen. (U) Dato Seri Pahlawan Mohammad Sharif Bin Dato Paduka Haji Ibrahim၊ ကမ္ဘောဒီးယားလေတပ်ဦးစီးချုပ် Gen. Soeung Samnang၊ လာအိုလေတပ်ဦးစီးချုပ် Brig. Gen. Khamlek Sengphachanh၊ ထိုင်းလေတပ်ဦးစီးချုပ် Air Chief Marshal Alongkorn Vannarot နှင့် ဗီယက်နမ်လေတပ်ဦးစီးချုပ် Lt. Gen. Nguyen Van Hien တို့က ကိုယ်တိုင်တက်ရောက်ခဲ့သည်။
အလားတူ ဖိလစ်ပိုင်နိုင်ငံနှင့် စင်္ကာပူနိုင်ငံလေတပ်ဦးစီးချုပ်များကလည်း အကြိမ်(၂၀)မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး၌ Video Message ပေးပို့ကာ ပါဝင်ဆွေးနွေးသွားခဲ့သည်ဟု နစကမှ အသိပေးထားသည်။
အဆိုပါအစည်းအဝေး၌ " ASEAN Air Forces’ Cooperation for Sustainable Environment" အကြောင်းအရာကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအတွင်း ဆွေးနွေးညှိနှိုင်းသဘောတူညီချက်များကို အဖွဲ့ဝင်နိုင်ငံများအကြား အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ထို့ပြင် သဘာပတိကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးထွန်းအောင်က (၂၁)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးတွင် အလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်မည့် ကမ္ဘောဒီးယားလေတပ်ဦးစီးချုပ်ထံသို့ ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
အကြိမ်(၂၀)မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးမတိုင်ခင် စက်တင်ဘာလ ၁၂ ရက်တွင် ကာကွယ် ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးထွန်းအောင်သည် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံတို့မှ လေတပ်ဦးစီးချုပ်များနှင့် သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ကြောင်း နစကမှ အသိပေးထားသည်။
မြန်မာနိုင်ငံသည် (၁၁)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးကို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်း၌ ပထမဆုံးအကြိမ်အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ဖူးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ဆေးရုံမှာမထားဘဲ အကျဉ်းထောင်ကို ပြန်ပို့ဖို့ ထိုင်းနိုင်ငံရေးကွန်ရက်တစ်ခု တောင်းဆို
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း