ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ဆေးရုံမှာမထားဘဲ အကျဉ်းထောင်ကို ပြန်ပို့ဖို့ ထိုင်းနိုင်ငံရေးကွန်ရက်တစ်ခု တောင်းဆို
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၄
ထိုင်းနိုင်ငံရေး ကွန်ရက်တစ်ခုဟာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ဆေးရုံကနေ အကျဉ်းထောင်ကို ပြန်လည်ပို့ ဆောင်ဖို့ ထိုင်းဝန်ကြီးချုပ်အသစ် ဆာရက်သာတာဗီဆင်ထံ စာပေးပို့တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ပြီးခဲ့တဲ့လမှာ ထိုင်းနိုင်ငံကို ပြန်လာခဲ့ပြီးနောက် ပြစ်ဒဏ်ချမှတ်ခံရတဲ့ ပြစ်မှုများအတွက် အကျဉ်းထောင်ကို ပို့ဆောင်ခံခဲ့ရပြီး အကျဉ်းထောင်အတွင်းနေထိုင်တဲ့ ပထမဆုံးညမှာပဲ ကျန်းမာရေးမကောင်းတဲ့အတွက် ဆေးရုံကို ပို့ဆောင်ခဲ့ရကြောင်းသိရပါတယ်။ ထိုင်းနိုင်ငံပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကျောင်းသားနဲ့ ပြည်သူကွန်ရက် ခေါင်းဆောင် Pichit Chaimongkol က သက်ဆင်ဟာ ထိုင်းဆေးရုံမှာ ရက်ပေါင်း (၂၃)ရက်ကြာတက်ရောက်နေခဲ့ကြောင်း၊ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကျန်းမာရေးဆိုးရွားနေတဲ့အချက်ကို ယုံကြည်မှုမရှိကြောင်း ပြောပါတယ်။
၎င်းက "ထိုင်းပြည်သူတွေဟာ သက်ဆင်ရဲ့ကျန်းမာရေးအခြေအနေများကို ယုံကြည်မှုမရှိဘူး။ ကျန်းမာရေးမကောင်းဘူးဆိုတာ အကြောင်းပြချက်တစ်ခုသာဖြစ်တယ်။ ကျန်းမာရေးမကောင်းဘူးဆိုပြီး သက်ဆင်ဟာ အကျဉ်းထောင်အပြင်ဘက်မှာနေထိုင်ဖို့လုပ်ဆောင်ခဲ့တာမျိုးပါ၊ ဒါကြောင့် သက်ဆင်ကို အကျဉ်းထောင်ကို ပြန်ပို့ဖို့ တောင်းဆိုပါတယ်" လို့ပြောပါတယ်။
သက်ဆင်ဟာ အကျဉ်းထောင်ဆေးရုံကနေ ရဲတပ်ဖွဲ့အထွေထွေဆေးရုံကို တင်ပို့ခံထားရကြောင်း၊ ရဲတပ်ဖွဲ့အထွေထွေဆေးရုံမှာ ကျွမ်းကျင်ဆရာဝန်တွေကိုခေါ်ယူကုသခြင်းများလည်း ရှိနေကြောင်းသိရပါတယ်။ သက်ဆင်ဟာ ဝန်ကြီး ချုပ်အဖြစ် တာဝန်ယူပြီးနောက် အကျင့်ပျက်လာဘ်စားမှုအပါအဝင် အခြားစွဲချက်များကြောင့် ထောင်ဒဏ်(၈)နှစ် ပြစ်ဒဏ်ကျခံထားရပေမယ့် ထိုင်းဘုရင်က သက်ဆင်ကို ပြီးခဲ့တဲ့လမှာ ထောင်ဒဏ်လျော့ပေါပေးခဲ့ကြောင်းသိရပါတယ်။ ထိုင်းဘုရင်ရဲ့ပြစ်ဒဏ်လျော့ပေါ့ပေးမှုကြောင့် သက်ဆင်ဟာ ထောင်ဒဏ် (၈)နှစ်အစား တစ်နှစ်သာ ကျခံရမှာဖြစ်ကြောင်းသိရပါတယ်။
Pichit Chaimongkol က ထိုင်းဝန်ကြီးချုပ်အနေနဲ့ ပြည်ပကိုထွက်ပြေးသွားခဲ့တဲ့ ထိုင်းနိုင်ငံရေးသမားတွေကို ပြန် လည်ခေါ်ယူစေလိုကြောင်း ထပ်မံတိုက်တွန်းတောင်းဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငွေကျပ်သိန်း (၅၀၀၀)နီးပါးတန်ဖိုးရှိ ဘိန်းဖြူများကို ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ်ဆောင်စဉ် လမ်းခု လတ်၌ ဖမ်းဆီးရမိ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း