ငွေကျပ်သိန်း (၅၀၀၀)နီးပါးတန်ဖိုးရှိ ဘိန်းဖြူများကို ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ်ဆောင်စဉ် လမ်းခု လတ်၌ ဖမ်းဆီးရမိ
Pearl (NSS) - စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ်ဆောင်မည့် ငွေကျပ်သိန်း ၄၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ပင်လောင်းမြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်၊ နေ့လည် (၁၂)နာရီ အချိန်ခန့်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်၊ လိန်းလီကျေးရွာအနီး ပင်လောင်း-တပ်ကုန်းသွားကားလမ်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါကားလမ်း၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပင်လောင်းဘက်မှတပ်ကုန်းဘက်သို့ စောဌေးဦး မောင်းနှင်လာသည့် SURF မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးမှုများပြုလုပ်ရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၄၇၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူဘ လောက်တုံး ၉၀၊ အလေးချိန် ၃၁ ဒသမ ၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါဘိန်းဖြူဘလောက်တုံးများကို ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ အသိပေးထား သည်။
လက်ရှိတွင် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငွေကျပ်သိန်း (၅၀၀၀)နီးပါးတန်ဖိုးရှိ ဘိန်းဖြူများကို ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ်ဆောင်စဉ် လမ်းခု လတ်၌ ဖမ်းဆီးရမိ
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း