တရုတ်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူသေဆုံးမှုနှင့်အတူ မွေးမြူရေးခြံထဲမှ မိကျောင်းအကောင် (၇ဝ)ကျော် လွတ်မြောက်
Pika (NSS) - စက်တင်ဘာ ၁၃
တရုတ်နိုင်ငံ တောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေကြီးမှုများဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၇)ဦး သေဆုံးကာ မွေးမြူရေးခြံအတွင်းမှ မိကျောင်းအကောင်(၇ဝ)ကျော် လွတ်သွားခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Guangdong ပြည်နယ် Maoming မြို့တွင် မိကျောင်းအကောင်(၇ဝ)ကျော် လွတ်သွားခဲ့ပြီးနောက် အာဏာပိုင်များသည် အဆိုပါနေရာအနီးတွင် နေထိုင်သူများကို နေအိမ်ထဲတွင်သာ နေထိုင် ကြရန် တိုက်တွန်းထားကြောင်း တရုတ်မီဒီယာများက ဖော်ပြခဲ့သည်။
အရွယ်ရောက်ပြီးသော မိကျောင်း(၆၉)ကောင် နှင့် အကောင်ပေါက်(၆)ကောင် လွတ်သွားခဲ့ခြင်းဖြစ်ကြောင်း အရေးပေါ်ဌာနအရာရှိတစ်ဦး က ပြောကြားခဲ့သည်။ မိကျောင်းအချို့ကို ပြန်လည်ဖမ်းမိထားသော်လည်း ၎င်းတို့ ရှိနေသည့်ရေကန်၏အနက်ကြောင့် နောက်ထပ်ဖမ်းဆီးမှုများ လုပ်ဆောင်ရန် ခက်ခဲနေကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
သို့သော်လည်း မိကျောင်းများ လွတ်သွားခြင်းနှင့်ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရရှိသူများ မရှိသေးကြောင်း အာဏာပိုင်များ က ပြောကြားခဲ့သည်။ Guangxi ဒေသ Yulin မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မြေပြို မှုများဖြစ်ပွားခဲ့ပြီး လူ(၇)ဦးသေဆုံးကာ အခြားလူ(၃)ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း အာဏာပိုင်များက ပြောကြား ခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Apple ကုမ္ပဏီက ထုတ်လုပ်သည့် iPhone များတွင် လုံခြုံရေးဆိုင်ရာပြဿနာများရှိနေဟု တရုတ်အစိုးပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း