Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယူကရိန်းနိုင်ငံကို လာမည့် ၁ဝ နှစ်အထိ ထောက်ပံ့ပေးရန် အဆင်သင့်ရှိနေဟု ဂျာမနီစစ်ဘက်ပြော

Pika (NSS) - စက်တင်ဘာ ၁၃

 ရုရှား နှင့် ယူကရိန်းကြားပဋိပက္ခသည် ကြာရှည်မည့် အလားအလာများရှိနေသော်လည်း စိတ်ပျက်မှုများမရှိ ကြောင်းနှင့် လာမည့်ဆယ်စုနှစ်အထိ ယူကရိန်းကို ကျောထောက်နောက်ခံပြုသွားမည်ဖြစ်ကြောင်း ဂျာမနီ ဗိုလ်မှူးချုပ် Christian Freuding က ပြောကြားခဲ့သည်။

ထို့အပြင် မကြာမီကာလအတွင်း ယူကရိန်းပဋိပက္ခ အဆုံးသတ်သွားနိုင်သည့် အလားအလာများကိုလည်း မမြင်မိ ကြောင်း ၎င်းက ပြောခဲ့သည်။


၎င်းက "၂ဝ၃၂ ခုနှစ်အထိ ယူကရိန်းကို စစ်ရေးအကူအညီတွေပံ့ပိုးပေးဖို့ ဂျာမနီလွှတ်တော်ရဲ့ထောက်ခံမှုကိုလည်း ကျွန်တော်တို့ ရရှိထားပါတယ်။ ယူကရိန်းကို ရေရှည်ထောက်ပံ့မှုတွေ လုပ်ဆောင်ဖို့ ကျွန်တော်တို့ အဆင်သင့် ဖြစ်နေပါပြီ" ဟု ပြောခဲ့သည်။ 

ထို့အပြင် ရုရှားနှင့်စစ်ပွဲတွင် ယူကရိန်းအနိုင်ရရှိစေရန်အတွက် ဂျာမနီသည် ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းများ ကူညီပံ့ပိုးပေးမှုကို ပိုမိုအရှိန်မြှင့်တင်ရန်နှင့် ပံ့ပိုးကူညီမှုများ ပိုမိုကောင်းမွန်စေရန်အတွက် ညှိနှိုင်းမှုများကို လုပ်ဆောင်နေကြောင်း ၎င်းက အခိုင်အမာပြောခဲ့သည်။


ဂျာမနီအစိုးရသည် ယူကရိန်းသို့ အမြောက်များ၊ ခဲယမ်းမီးကျောက်များ နှင့် လေကြောင်းရန်ကာကွယ်ရေးးစနစ်များ ထောက်ပံ့ပေးရန်အတွက် အာရုံစိုက်လုပ်ဆောင်နေကြောင်း ဂျာမန်အဓိပတိ အိုလက်ဖ်ရှိုးလ်က ပြီးခဲ့သည့်လတွင် ထုတ်ဖော်ပြောခဲ့သည်။

ဂျာမနီသည် စစ်မြေပြင်တွင် ချက်ချင်းအကျိုးသက်ရောက်မှုများရှိစေမည့် စစ်လက်နက်ပစ္စည်းများကို ယူကရိန်းသို့ ဦးစားပေးထောက်ပံ့ပေးရန် စီစဉ်နေကြောင်း အိုလက်ဖ်ရှိုးလ်က ထပ်မံပြောခဲ့သည်။ G7 အဖွဲ့ဝင်နိုင်ငံများသည် ယူကရိန်းပဋိပက္ခက အချိန်ကြာမြင့်နိုင်ကြောင်း ခန့်မှန်းပြောဆိုထားပြီး ပဋိပက္ခဖြစ်ပွားနေချိန်အတွင်း ယူကရိန်း လိုအပ်သည့်အရာအားလုံးကို ထောက်ပံ့ပေးသွားရန် အဆင်သင့်ရှိနေကြောင်း ကနေဒါဝန်ကြီးချုပ်ထရုဒိုး က ပြီးခဲ့သည့် ဩဂုတ်လတွင် ထုတ်ဖော်ပြောခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြင်သစ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ချေးငွေအပြင် ဂြိုလ်တုနည်းပညာများ ထောက်ပံ့ပေးမည်

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved