အမေရိကန်နှင့် တင်းမာမှုများရှိနေချိန်တွင် သမ္မတပူတင်နှင့် တွေ့ဆုံဆွေးနွေးရန်အတွက် ရုရှားနိုင်ငံသို့ မြောက်ကိုရီးယားခေါင်းဆောင် ရုတ်တရက်သွားရောက်
Pika (NSS) - စက်တင်ဘာ ၁၂
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းသည် ရုရှားနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဂျပန်မီဒီယာများက စက်တင်ဘာလ(၁၂)ရက်တွင် ရေးသားဖော်ပြခဲ့သည်။
ကင်ဂျုံအန်းသည် ရုရှားနိုင်ငံသို့ အလည်အပတ်ခရီးသွားရောက်ရန်အတွက် စက်တင်ဘာလ(၁ဝ)ရက်တွင် ကိုယ်ပိုင်ရထားဖြင့် ပြုံးယမ်းမြို့မှ ထွက်ခွာခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ရုရှားနိုင်ငံသို့ သွားရောက်သည့်ခရီးစဉ်တွင် ကင်ဂျုံအန်းနှင့်အတူ စစ်ဘက်အရာရှိများနှင့် နိုင်ငံခြားရေးဝန်ကြီးတို့ လိုက်ပါသွားခဲ့ကြောင်းလည်း သိရသည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းလိုက်ပါလာသော ရထားတစ်စင်းသည် Khasan ဘူတာရုံသို့ ရောက်ရှိလာခဲ့ကြောင်း အမည်မဖော်လိုသော ဂျပန်နိုင်ငံပိုင် ကျိုဒိုသတင်းအေဂျင်စီက စက်တင်ဘာလ(၁၂)ရက်တွင် ဖော်ပြခဲ့သည်။
ကင်ဂျုံအန်းသည် ရုရှားနိုင်ငံသို့ စက်တင်ဘာလ(၁၂)ရက် အစောပိုင်းတွင် ရောက်ရှိသွားခဲ့ပုံပေါ်ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိအမျိုးသားက ပြောကြားခဲ့သည်။
ကင်ဂျုံအန်းသည် နိုင်ငံရပ်ခြားခရီးစဉ်များကို သွားရောက်ခြင်းမျိုးမရှိသော်လည်း ၎င်း အာဏာယူချိန်မှ စတင်ကာ လက်ရှိအချိန်အထိ (၇)ကြိမ်သာ ခရီးထွက်ဖူးပြီး ကိုရီးယားနှစ်နိုင်ငံ နယ်စပ်ကို နှစ်ကြိမ်သာ ဖြတ်ကျော်ဖူးကြောင်း သိရသည်။
အဆိုပါခရီးစဉ်များအနက် လေးခုမှာ အဓိက မိတ်ဖက်နိုင်ငံဖြစ်သော တရုတ်နိုင်ငံသို့သွားရောက်လည်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က "ဒါက ပြီးပြည့်စုံတဲ့ ခရီးစဉ်တစ်ခု ဖြစ်လာမှာပါ။ နှစ်နိုင်ငံလုံးရဲ့ကိုယ်စားလှယ်အဖွဲ့တွေကြားမှာ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်မှာဖြစ်ပါတယ်။ လိုအပ်လာမယ်ဆိုရင်တော့ နှစ်နိုင်ငံလုံးရဲ့ခေါင်းဆောင်တွေဟာ ညှိနှိုင်းဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင် သွားမှာပါ" ဟု ပြောခဲ့သည်။
Khasan ခရိုင်အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရောက်ရှိလာခြင်းနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန်တောင်းဆိုမှုများကို ငြင်းဆိုခဲ့ကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
KTV တစ်ခုတွင် ဖိအားပေး စေခိုင်းခံနေရသော မြန်မာအမျိုးသမီးလေးဦးကို ကယ်တင်ပြီး မြန်မာအမျိုးသားသုံးဦးကို ဖမ်းဆီးနိုင်ခဲ့ဟု မလေးရှားရဲတပ်ဖွဲ့ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ