ရုရှားလေကြောင်းလိုင်းများကို မြန်မာနိုင်ငံနဲ့တိုက်ရိုက်လေကြောင်းပျံသန်းပြေးဆွဲဖို့ ဗိုလ်ချုပ်ကြီး မြထွန်းဦး တိုက်တွန်းတောင်းဆို
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၂
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ နဲ့ လေကြောင်းတိုက်ရိုက်ပျံသန်းမယ့် ရုရှားလေကြောင်းလိုင်းများကို စောင့်ဆိုင်းလျက်ရှိနေတယ်လို့ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။
ဗိုလ်ချုပ်ကြီး မြထွန်းဦးဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားနိုင်ငံ Vladivostok မြို့မှာ စက်တင်ဘာလ ၁၀ ရက်ကနေ ၁၃ ရက်အထိကျင်းပနေတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်ကိုတက်ရောက်လျက်ရှိကြောင်း သိရပါတယ်။
"ကျွန်တော်တို့အနေနဲ့ ရုရှားလေကြောင်းလိုင်းတွေကို မြန်မာနိုင်ငံ နဲ့ တိုက်ရိုက်ပျံသန်းမယ့် ခရီးစဉ်ကို ဖြစ်နိုင်သမျှ အမြန်ဆုံးစတင်ပျံသန်းပြေးဆွဲဖို့ လုပ်ဆောင်စေလိုပါတယ်"လို့ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်းဟာ စက်တင်ဘာလ ၅ ရက်မှာ ရုရှားနဲ့ မြန်မာနိုင်ငံကြား နှစ်ပေါင်း ၃၀ ကျော်အတွင်းပထမဆုံးအကြိမ်အဖြစ် တိုက်ရိုက်လေကြောင်းပျံသန်းပြေးဆွဲမှုများလုပ်ဆောင်ခဲ့ပါတယ်။ မြန်မာလေကြောင်းလိုင်းဟာ ရန်ကုန်-မန္တလေး နဲ့ နိုဗိုစီဗစ်မြို့တို့ကို တိုက်ရိုက်လေကြောင်းပျံသန်းပြေးဆွဲမှုများ တစ်ပတ် နှစ်ကြိမ်လုပ်ဆောင်လျက်ရှိပါတယ်။
ရုရှားနိုင်ငံမှာကျင်းပနေတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်ကို တက်ရောက်နေတဲ့ မြန်မာအစိုးရတာဝန်ရှိသူတွေဟာ ယနေ့(စက်တင်ဘာလ ၁၂ ရက်)မှာ မြန်မာနဲ့ ရုရှားနိုင်ငံကြားခရီးသွားလုပ်ငန်း ပိုမိုကောင်းမွန်စေဖို့ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးဖွယ်ရှိနေကြောင်းသိရပါတယ်။
မြန်မာနိုင်ငံမှာအဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက် ရုရှား နဲ့ မြန်မာနိုင်ငံကြား ဆက်ဆံရေးဟာ ယခင်ထက်ပိုမိုကောင်းမွန်လာခဲ့ပြီး နစကအဖွဲ့တာဝန်ရှိသူများဟာ ရုရှားနိုင်ငံကို သွားရောက်ခဲ့သလို ရုရှားအစိုးရတာဝန်ရှိသူများလည်းမြန်မာ နိုင်ငံကို မကြာခဏလာရောက်လျက်ရှိနေကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲနိုင်အောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်အသစ် ဆာရက်သာတာဗီဆင်ပြော
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း