လာမည့်ရက်ပိုင်းအတွင်း ကာတာကလပ် Al-Arabi ကို ပြောင်းရွှေ့ကြေးယူရို(၄၅)သန်းဖြင့် ပြောင်းရွှေ့သွားဖွယ် ရှိနေတဲ့ ပီအက်စ်ဂျီကွင်းလယ်လူ မာကိုဗာရက်တီ
Pika (NSS) - စက်တင်ဘာ ၁၁
ပီအက်စ်ဂျီအသင်း ကွင်းလယ်လူမာကိုဗာရက်တီသည် ကာတာကလပ်Al-Arabiကို ယူရို(၄၅)သန်းဖြင့် ပြောင်းရွှေ့ရန် သဘောတူညီခဲ့ကြောင်း သိရသည်။
မာကိုဗာရက်တီသည် ပီအက်စ်ဂျီအသင်းတွင် ၂ဝ၂၆ ခုနှစ် မတိုင်ခင်အချိန်အထိ ကစားရမည့် သဘောတူစာချုပ် အသစ်ကို ပြီးခဲ့သည့်နှစ်ဒီဇင်ဘာလတွင် ချုပ်ဆိုခဲ့ကြောင်းလည်း သိရသည်။ သို့သော်လည်း မာကိုဗာရက်တီသည် ပီအက်စ်ဂျီအသင်းအတွက် ဘယ်တော့မှ ကစားရမည်မဟုတ်ကြောင်း ပီအက်စ်ဂျီနည်းပြလူးဝစ်အမ်းရစ်ချ်က ပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့ ပြောင်းရွှေ့ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။
ပီအက်စ်ဂျီအသင်း နှင့် Al-Arabi အသင်းတို့သည့် မာကိုဗာရက်တီအပြောင်းအရွှေ့အတွက် နှုတ်အားဖြင့် သဘော တူညီမှုရရှိပြီးပြီဖြစ်ပြီ လာမည့်ရက်ပိုင်းအတွင်း Al-Arabi အသင်းကို ယူရို(၄၅)သန်းဖြင့် ပြောင်းရွှေ့သွားနိုင်ဖွယ်ရှိ ကြောင်း ဘောလုံးသတင်းထောက် ဖာဘရီဇီရိုရိုမာနိုက ပြောကြားခဲ့သည်။
မာကိုဗာရက်တီသည် ၂ဝ၁၂ ခုနှစ်တွင် Pescara အသင်းမှ ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး ပီအက်စ်ဂျီအသင်းတွင် (၁၁)နှစ်ကြာ ကစားခဲ့ကြောင်းလည်း သိရသည်။ မာကိုဗာရက်တီသည် ပီအက်စ်ဂျီအသင်း အတွက် ပြိုင်ပွဲစုံပွဲပေါင်း(၄၁၆)ပွဲကစားခဲ့ပြီး ဆုဖလားပေါင်း(၃ဝ) ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
မာကိုဗာရက်တီသည် လာမည့်ရက်ပိုင်းအတွင်း ကာတာကလပ် Al-Arabi သို့ ပြောင်းရွှေ့သွားနိုင်ဖွယ်ရှိနေပြီး စက်တင်ဘာလ(၂၄)ရက်တွင် Al Rayyan အသင်း နှင့် ယှဉ်ပြိုင်ကစားမည့်ပွဲတွင် ပွဲဦးထွက်ကစားနိုင်ဖွယ်ရှိနေကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗိုလ်ချုပ်မှူးကြီးနဲ့ ဒေါက်တာချာလီသန်းပြောတဲ့ ကိုလိုနီနယ်ချဲ့ဩဇာခံဖြစ်ခြင်းအကြောင်း၊ မီတာမဆောင်ဘဲ ခိုးသုံးသူ (၂)သိန်းလောက်ရှိတယ်၊ ဇာတ်ခေါင်းကွဲလာတဲ့ PDF (၁၁-၉-၂ဝ၂၃)
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း