Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယူကရိန်းကို အက်ဖ် ၁၆ တိုက်လေယာဉ်များ ကူညီပံ့ပိုးပေးဖို့ အစီအစဉ်မရှိကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ထပ်မံပြောဆို

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၈

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်နိုင်ငံထုတ် အက်ဖ် ၁၆ တိုက်လေယာဉ်များဟာ နိုင်ငံအတွင်းမှာသာ ဆက်ရှိမှာဖြစ်ပြီး ယူကရိန်းနိုင်ငံကို ပေးပို့ကူညီမှာ မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ရုရှားနဲ့စစ်ပွဲဖြစ်နေတဲ့ ယူကရိန်းကို တိုက်လေယာဉ်များ ကူညီပံ့ပိုးပေးသွားဖို့ အစီအစဉ်မရှိကြောင်း၊ အမေရိကန် အစိုးရဟာ ယခင်ကတည်းက ပြောဆိုခဲ့ဖူးပြီး လက်ရှိအချိန်မှာအမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ထပ်မံ အတည်ပြု ပြောဆိုခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ 

သမ္မတဂျိုးဘိုင်ဒန်က "အက်ဖ် ၁၆ တိုက်လေယာဉ်တွေကို အမေရိကန်နိုင်ငံအတွင်းမှာ ဆက်ထိန်းထားမှာပါ။ ဒါက လုံးဝကွဲပြားတဲ့အခြေအနေမျိုးပါ" လို့ ပြောပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ယူကရိန်းကို M1 Abrams အမျိုးအစားတင့်ကားများ ပေးပို့ကူညီပေးဖို့ သဘောတူညီခဲ့ပေမယ့် တိုက်လေယာဉ်များ ကူညီပေးပို့ လိုလားဟန်မရှိကြောင်း အစောပိုင်းကတည်းက သတင်းများ ထွက်ပေါ်နေခဲ့ပါတယ်။ ယူကရိန်းနဲ့ ရုရှားတို့ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အမေရိကန်ဟာ ယူကရိန်းကို စစ်လက်နက်ပစ္စည်းမျိုးစုံ ကူညီထောက်ပံ့ပေးမှု အများဆုံးပြုလုပ်ထားတဲ့နိုင်ငံဖြစ်တယ်လို့ သိရပါတယ်။ 

ယူကရိန်းသမ္မတဇီလန်စကီး ဟာ ရုရှားတပ်ဖွဲ့ဝင်များကို တိုက်ထုတ်နိုင်ဖို့ တင့်ကားများ၊ တာဝေးပစ် အမြှောက်များ အပြင် တိုက်လေယာဉ်များ ထပ်မံရယူလိုကြောင်း မကြာသေးမီက ထပ်မံတောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန် အပါအဝင် မဟာမိတ်နိုင်ငံများဟာ ယူကရိန်းကို တင့်ကားများ၊ တာဝေးပစ်လက်နက်များ ကူညီ ထောက်ပံ့ပေးပေမယ့် တိုက်လေယာဉ်များ ကူညီပံ့ပိုးပေးဖို့ အစီအစဉ်မရှိသေးဘူးလို့ သိရပါတယ်။ 

ရုရှားဟာ ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးနေတဲ့နိုင်ငံတွေကို ဝေဖန်ပြစ်တင်ထားပြီး စစ်ပွဲ အချိန်ပိုကြာအောင် လုပ်ဆောင်နေခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။ ရုရှားနဲ့ ယူကရိန်းကြားစစ်ပွဲဟာ လာမယ့် ဖေဖော်ဝါရီ ၂၄ ရက်မှာ တစ်နှစ်ပြည့်မှာဖြစ်ပြီး  နှစ်နိုင်ငံကြား ဧပြီလ နောက်ပိုင်းကတည်းက အပစ်ခတ် ရပ်စဲရေး အတွက် စေ့စပ်ဆွေးနွေးနိုင်ခြင်းမရှိတော့ဘူးလို့ သိရပါတယ်။

Zawgyi Version; 










Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စစ်ကိုင်း၌(၅)ရက်အတွင်း KIA ၊ PDF ပူးပေါင်းအဖွဲ့နှင့် တပ်မတော်တို့ကြား ထိတွေ့တိုက်ပွဲ (၇)ကြိမ်ဖြစ်ပွား

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved