ယူကရိန်းတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်သင်ကြားပေးဖို့ တင့်ကားတွေကို ပြတိုက်တွေကနေ ငှားရမ်းခဲ့ရဟု ဒိန်းမတ်စစ်ဘက်ပြော
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁ဝ
နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ဒိန်းမတ်ဟာ ယူကရိန်းတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်သင်ကြားပေးဖို့ ဂျာမနီနိုင်ငံထုတ် Leopard 1 အမျိုးအစား တင့်ကားတွေကိုပြတိုက်တွေက ငှားရမ်းအသုံးပြုခဲ့ရကြောင်း အတည်ပြုပြောကြားလိုက်ပါတယ်။
ဒိန်းမတ်အစိုးရက ၎င်းတို့အနေနဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်သင်ကြားပေးနိုင်အောင် ဒီနှစ်အစောပိုင်းမှာ Leopard 1 အမျိုးအစား တင့်ကား အနည်းဆုံး ၆ စင်းကို ပြတိုက်တွေထံကနေ ငှားရမ်းခဲ့ရကြောင်း ပြောပါတယ်။
ဒိန်းမတ်အစိုးရဟာ ယူကရိန်းကို ကူညီထောက်ပံ့ပေးဖို့ ဂျာမနီနိုင်ငံထုတ် Leopard 1 အမျိုးအစားတင့်ကားအစီးရေ ၁ဝဝ ကိုဝယ်ယူဖို့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ ဂျာမနီ၊ နယ်သာလန်တို့ နဲ့ စာချုပ်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။
ဒိန်းမတ်နိုင်ငံဟာ အဆိုပါ တင့်ကားတွေကို ၂ဝဝ၅ ခုနှစ်အထိ အသုံးပြုခဲ့ပြီး၂ဝ၁ဝ ပြည့်နှစ်မှာ ဂျာမနီနိုင်ငံ ရဲ့ FFG ကုမ္ပဏီထံ ပြန်လည်ရောင်းချခဲ့ကြောင်း၊ ပြန်လည်ရောင်းချခဲ့တဲ့ တင့်ကားတွေက အချို့ဟာ ပြတိုက်တွေထဲ ရောက်ရှိသွားခဲ့ကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။
ဒိန်းမတ်စစ်ဘက်က ၎င်းတို့အနေနဲ့ ယူကရိန်းကို Leopard 1 အမျိုးအစား တင့်ကား ပထမအသုတ်ပေးပို့ ကူညီထောက်ပံ့ထားပြီးဖြစ်ကြောင်း ပြောပါတယ်။ ဒိန်းမတ်ကာကွယ်ရေးဝန်ကြီး က "ဂျာမနီနိုင်ငံနဲ့အတူ ကျွန်တော်တို့ဟာ ယူကရိန်းကို Leopard 1 အမျိုးအစား တင့်ကားအစီးရေ ၁ဝဝ နီးပါးကူညီပေးသွားမှာပါ။ တင့်ကားတွေဟာ နှစ်ပေါင်းများစွာ အသုံးမပြုဘဲထားခဲ့လို့ ပြန်လည်ပြုပြင်စမ်းသပ်ဖို့ လိုအပ်နေသေးတယ်" လို့ ပြောပါတယ်။
ယူကရိန်းနဲ့ ရုရှားတို့ စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမေရိကန်ဦးဆောင်တဲ့ နေတိုးအုပ်စုဝင်နိုင်ငံတွေဟာ ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးခြင်း၊ စစ်သင်တန်းများပေးခြင်းများ လုပ်ဆောင်လျက်ရှိနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာကျော်ဘီလျံနာတစ်ဦးဖြစ်တဲ့ အီလွန်မတ်ဟာ မကောင်းမှုလုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြောင်း ယူကရိန်းအစိုးရ ဝေဖန်ပြစ်တင်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း