ကမ္ဘာကျော်ဘီလျံနာတစ်ဦးဖြစ်တဲ့ အီလွန်မတ်ဟာ မကောင်းမှုလုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြောင်း ယူကရိန်းအစိုးရ ဝေဖန်ပြစ်တင်
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁ဝ
ကမ္ဘာကျော်ဘီလျံနာတစ်ဦးဖြစ်သလို SpaceX ကုမ္ပဏီရဲ့စီးအီးအိုတစ်ဦးဖြစ်တဲ့ အီလွန်မတ်ဟာ လက်ခံနိုင်ဖွယ်မရှိတဲ့ မကောင်းမှုလုပ်ရပ်များကိုလုပ်ဆောင်ခဲ့ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးရဲ့အကြီးတန်းအကြံပေးတစ်ဦးဖြစ်တဲ့ Mikhail Podoliak က ဝေဖန်တိုက်ခိုက်လိုက်ပါတယ်။
အီလွန်မတ်ဟာ ပြီးခဲ့တဲ့နှစ်က ခရိုင်းမီးယားဒေသကို တိုက်ခိုက်ဖို့ ယူကရိန်းတပ်ဖွဲ့တွေကို ၎င်းရဲ့ Starlink satellites များ အသုံးပြုဖို့ ငြင်းဆန်ခြင်း၊ တားဆီးခြင်းများ ရှိခဲ့ကြောင်း သိရပါတယ်။
အီလွတ်မတ်က ၎င်းအနေနဲ့ ခရိုင်းမီးယားဒေသကို တိုက်ခိုက်ဖို့ ယူကရိန်းကို Starlink satellites အများကို အသုံးပြုဖို့ ခွင့်ပေးခဲ့မယ်ဆိုရင် ၎င်းရဲ့ကုမ္ပဏီဟာ စစ်ပွဲနဲ့ပတ်သက်တဲ့ ခက်ခဲရှုပ်ထွေးမှုတွေ ပိုမိုဖြစ်အောင်လုပ်လိုက်သလိုမျိုး ဖြစ်လာနိုင်ကြောင်း ပြောပါတယ်။
ယူကရိန်းသမ္မတရဲ့အကြံပေးဖြစ်သူက "တစ်ခါတစ်ရံ လုပ်လိုက်တဲ့အမှားက အခြားအမှားတွေထက် ပိုမိုဆိုးရွားတယ်။ ခရိုင်းမီးယားဒေသရှိ ရုရှားစစ်တပ်ကို တိုက်ခိုက်ဖျက်ဆီးဖို့ ယူကရိန်းတပ်ဖွဲ့တွေကို ဒရုန်းတွေ အသုံးပြုနိုင်အောင် Starlink satellites အသုံးပြုခွင့်မပေးတာက စိတ်ပျက်စရာကောင်းတယ်" လို့ ပြောပါတယ်။
ရုရှားနဲ့ ယူကရိန်းတို့ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းကတည်းက အီလွန်မတ်ရဲ့SpaceX ကုမ္ပဏီဟာ ယူကရိန်းကို ပြည်သူတွေနဲ့ ဆက်ဆံရေးနဲ့ အင်တာနက်ကောင်းမွန်စွာ လက်ခံရရှိနိုင်အောင် Starlink terminals ၂ဝဝဝဝ ကျော် ကူညီပေးခဲ့ကြောင်း သိရပါတယ်။
ဒါပေမယ့် ယူကရိန်းဟာ အီလွန်မတ် လှူဒါန်းခဲ့တဲ့ Starlink terminals တွေကို လက်နက်သဖွယ်အသုံးပြုလာခဲ့ကြောင်း၊ ပြီးခဲ့တဲ့နှစ်က ယူကရိန်းဟာ ခရိုင်းမီးယားကမ်းရိုးတန်းရှိ ရုရှားရေတပ်အုပ်စုကို ရေတပ်သုံးဒရုန်းတွေနဲ့တိုက်ခိုက်ဖို့ Starlink terminals များကိုအသုံးပြုခဲ့ကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။
ထိုအတွက်ကြောင့် အီလွန်မတ်ဟာ ၎င်းရဲ့အင်ဂျင်နီယာတွေကို ခရိုင်းမီးယားကျွန်းဆွယ်ရဲ့ ၁ဝဝ ကီလိုမီတာအတွင်း Starlink နဲ့ပတ်သက်တဲ့ဝန်ဆောင်မှုများမရအောင် ပိတ်ခိုင်းခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမြန်လမ်းမ၌ရပ်ထားသော ကားတစ်စီးအား Hijet ယာဉ်မှ ဝင်တိုက်မှုဖြစ်ပွားရာ (၈)ဦးထပ်မနည်း ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း