ပိုလန်နိုင်ငံထံ အမေရိကန်ဒေါ်လာ ၁ဝ ဘီလျံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများရောင်းချပေးဖို့ အမေရိကန်အစိုးရ ခွင့်ပြု
ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၈
အမေရိကန်အစိုးရဟာ ပိုလန်နိုင်ငံထံ အမေရိကန်ဒေါ်လာ ၁ဝ ဘီလံျတန်ဖိုးရှိ HIMARS အမျိုးအစား ဘက်စုံသုံး ရော့ကဒ်လောင်ချာ နဲ့ ကျည်ဆံများရောင်းချဖို့ ခွင့်ပြုပေးလိုက်ကြောင်း အမေရိကန် စစ်ဌာနချုပ် က ပြောပါတယ်။
ပိုလန်နိုင်ငံဟာ ၎င်းတို့နိုင်ငံရှိ လက်နက်အဟောင်းများကို အိမ်နီးချင်း ယူကရိန်းနိုင်ငံထံ ပေးပို့ကူညီခဲ့တဲ့အတွက် အမေရိကန်ထံကနေ စစ်လက်နက်ပစ္စည်းအသစ်များ ထပ်မံ ဝယ်ယူခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အမေရိကန် ထံမှ ပိုလန်နိုင်ငံဝယ်ယူမယ့် အမေရိကန်ဒေါ်လာ ၁ဝ ဘီလျံတန်ဖိုးရှိ လက်နက်အရောင်းအဝယ်စာချုပ်ထဲမှာ HIMARS အမျိုးစား ၁၈ လက်၊ အကွာအဝေးမိုင် ၁၈၅ မိုင်အထိ ရောက်ရှိပစ်ခတ်နိုင်စွမ်းရှိတဲ့ (ATACMS) missiles ဒုံးကျည်စနစ် ၄၅ ခု၊ ဘက်စုံသုံး ရော့ကဒ်လောင်ချာစနစ်တစ်ခုဖြစ်တဲ့ (GMLRS) rockets ၁ဝဝဝ ကျော်တို့ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
အမေရိကန်အစိုးရဟာ ပိုလန်နိုင်ငံထံပေးပို့မယ့် (ATACMS) missiles ဒုံးကျည်စနစ်အစီအစဉ်ထဲမှာ အမေရိကန်ရဲ့ ခွင့်မပြုချက်မရဘဲ ပိုလန်ဟာ အဆိုပါလက်နက်စနစ်များကို တတိယနိုင်ငံထံ လွှဲပြောင်း မပေးရဘူး ဆိုတဲ့ အချက်လည်း ပါဝင်နေပါတယ်။ ပိုလန်နိုင်ငံဟာ အမေရိကန်နိုင်ငံထံမှ M1A2 တင့်ကားအစီးရေ ၂၅ဝ၊ M1A1 Abrams တင့်ကား ၁၁၆ စီးဝယ်ယူဖို့ ခွင့်ပြုချက်လက်ခံရရှိခဲ့ပြီးနောက် ဒီနှစ်အတွင်း ဘက်စုံသုံးရော့ကဒ် ဒုံးကျည် စနစ်များ ရောင်းချပေးဖို့ ခွင့်ပြုချက် ထပ်မံရရှိခဲ့တာဖြစ်ပါတယ်။
အမေရိကန်အစိုးရဟာ ပိုလန်နိုင်ငံထံ ဘက်စုံသုံးရော့ကဒ်လောင်ချာ နဲ့ ကျည်ဆံများရောင်းချဖို့ စာချုပ် လက်မှတ် ရေးထိုးခြင်း ဒါမှမဟုတ် စေ့စပ်ဆွေးနွေးမှုများ အခြေအနေများကို အသေးစိတ်ဖော်ပြခြင်းမရှိဘူးလို့ သိရပါတယ်။ အမေရိကန်စစ်ဌာနချုပ်က စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္မဏီဖြစ်တဲ့ Lockheed ဟာ ပိုလန်နိုင်ငံထံ စစ်လက်နက်ပစ္စည်းရောင်းချရာမှာ အဓိက ကုမ္ပဏီအဖြစ် ပါဝင်ဖွယ်ရှိနေပါတယ်။
Zawgyi Version;
ပိုလန္ႏိုင္ငံထံ အေမရိကန္ေဒၚလာ ၁ဝ ဘီလ်ံတန္ဖိုးရွိ စစ္လက္နက္ပစၥည္းမ်ားေရာင္းခ်ေပးဖို႔ အေမရိကန္အစိုးရ ခြင့္ျပဳ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၈
အေမရိကန္အစိုးရဟာ ပိုလန္ႏိုင္ငံထံ အေမရိကန္ေဒၚလာ ၁ဝ ဘီလံ်တန္ဖိုးရွိ HIMARS အမ်ိဳးအစား ဘက္စုံသုံး ေရာ့ကဒ္ေလာင္ခ်ာ နဲ႔ က်ည္ဆံမ်ားေရာင္းခ်ဖို႔ ခြင့္ျပဳေပးလိုက္ေၾကာင္း အေမရိကန္ စစ္ဌာနခ်ဳပ္ က ေျပာပါတယ္။
ပိုလန္ႏိုင္ငံဟာ ၎တို႔ႏိုင္ငံရွိ လက္နက္အေဟာင္းမ်ားကို အိမ္နီးခ်င္း ယူကရိန္းႏိုင္ငံထံ ေပးပို႔ကူညီခဲ့တဲ့အတြက္ အေမရိကန္ထံကေန စစ္လက္နက္ပစၥည္းအသစ္မ်ား ထပ္မံ ဝယ္ယူခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။ အေမရိကန္ ထံမွ ပိုလန္ႏိုင္ငံဝယ္ယူမယ့္ အေမရိကန္ေဒၚလာ ၁ဝ ဘီလ်ံတန္ဖိုးရွိ လက္နက္အေရာင္းအဝယ္စာခ်ဳပ္ထဲမွာ HIMARS အမ်ိဳးစား ၁၈ လက္၊ အကြာအေဝးမိုင္ ၁၈၅ မိုင္အထိ ေရာက္ရွိပစ္ခတ္ႏိုင္စြမ္းရွိတဲ့ (ATACMS) missiles ဒုံးက်ည္စနစ္ ၄၅ ခု၊ ဘက္စုံသုံး ေရာ့ကဒ္ေလာင္ခ်ာစနစ္တစ္ခုျဖစ္တဲ့ (GMLRS) rockets ၁ဝဝဝ ေက်ာ္တို႔ ပါဝင္မွာျဖစ္တယ္လို႔ သိရပါတယ္။
အေမရိကန္အစိုးရဟာ ပိုလန္ႏိုင္ငံထံေပးပို႔မယ့္ (ATACMS) missiles ဒုံးက်ည္စနစ္အစီအစဥ္ထဲမွာ အေမရိကန္ရဲ႕ ခြင့္မျပဳခ်က္မရဘဲ ပိုလန္ဟာ အဆိုပါလက္နက္စနစ္မ်ားကို တတိယႏိုင္ငံထံ လႊဲေျပာင္း မေပးရဘူး ဆိုတဲ့ အခ်က္လည္း ပါဝင္ေနပါတယ္။ ပိုလန္ႏိုင္ငံဟာ အေမရိကန္ႏိုင္ငံထံမွ M1A2 တင့္ကားအစီးေရ ၂၅ဝ၊ M1A1 Abrams တင့္ကား ၁၁၆ စီးဝယ္ယူဖို႔ ခြင့္ျပဳခ်က္လက္ခံရရွိခဲ့ၿပီးေနာက္ ဒီႏွစ္အတြင္း ဘက္စုံသုံးေရာ့ကဒ္ ဒုံးက်ည္ စနစ္မ်ား ေရာင္းခ်ေပးဖို႔ ခြင့္ျပဳခ်က္ ထပ္မံရရွိခဲ့တာျဖစ္ပါတယ္။
အေမရိကန္အစိုးရဟာ ပိုလန္ႏိုင္ငံထံ ဘက္စုံသုံးေရာ့ကဒ္ေလာင္ခ်ာ နဲ႔ က်ည္ဆံမ်ားေရာင္းခ်ဖို႔ စာခ်ဳပ္ လက္မွတ္ ေရးထိုးျခင္း ဒါမွမဟုတ္ ေစ့စပ္ေဆြးေႏြးမႈမ်ား အေျခအေနမ်ားကို အေသးစိတ္ေဖာ္ျပျခင္းမရွိဘူးလို႔ သိရပါတယ္။ အေမရိကန္စစ္ဌာနခ်ဳပ္က စစ္လက္နက္ပစၥည္းထုတ္လုပ္ေရးကုမၼဏီျဖစ္တဲ့ Lockheed ဟာ ပိုလန္ႏိုင္ငံထံ စစ္လက္နက္ပစၥည္းေရာင္းခ်ရာမွာ အဓိက ကုမၸဏီအျဖစ္ ပါဝင္ဖြယ္ရွိေနပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ကိုင်း၊ မကွေးနှင့် ချင်းတို့ရှိ စစ်အုပ်ချုပ်ရေးကြေညာခဲ့သော မြို့နယ်များ၌ ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ပြီး မလိုက်နာပါက အင်အားသုံးဖမ်းဆီးမည်ဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ