ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်သူ တရုတ်နိုင်ငံသား (၁၀၀၀)ကျော်ကို UWSA အဖွဲ့မှ ဖမ်းဆီးကာ တရုတ်နိုင်ငံထံလွှဲပြောင်းပေး
မြူနစ် (NSS) - စက်တင်ဘာ ၉
ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်သူ တရုတ်နိုင်ငံသား (၁၀၀၀)ကျော်ကို UWSA အဖွဲ့မှ ဖမ်းဆီးကာ တရုတ်နိုင်ငံထံလွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။
လိမ်လည်မှုကျူးလွန်သူ တရုတ်နိုင်ငံသား (၁၂၀၇)ဦးကို တရုတ်နိုင်ငံရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့မှုနှင့်ပတ် သက်၍ “ဝ”လက်နက်ကိုင်အဖွဲ့ UWSA ဘက်က ယမန်နေ့(စက်တင်ဘာလ ၈ ရက်)တွင် အသိပေးထုတ်ပြန်ခဲ့သည်။
UWSA မှဖမ်းမိထားသော ဆက်သွယ်ရေးလိမ်လည်မှုပြစ်မှုကျူးလွန်သူ တရုတ်နိုင်ငံသား (၁၂၀၇)ဦးကို စက်တင်ဘာ လ ၆ ရက်နှင့် ၇ ရက်တို့တွင် တရုတ်နိုင်ငံရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
“ဝ”လက်နက်ကိုင်အဖွဲ့ဖြစ်သော UWSA သည် တရုတ်နိုင်ငံနှင့်နီးစပ်သော ဆက်ဆံရေးရှိသကဲ့သို့ လက်ရှိ နစကအစိုးရနှင့်လည်း ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးလျက်ရှိသည့် လက်နက်ကိုင်အဖွဲ့တစ်ခုလည်း ဖြစ်သည်။
မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ဆက်သွယ်ရေးနှင့်အွန်လိုင်းကိုအသုံးပြုကာ လိမ်လည်နေသည့်ဂိုဏ်း(၁၁)ခုအား ဖြိုခွင်းနိုင်ခဲ့ပြီး သံသယရှိသူ(၂၆၉)ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ထုတ်ပြန်ပြောကြားခဲ့ဖူးသည်။
မြန်မာနိုင်ငံမြောက်ပိုင်း၌ တရုတ်နိုင်ငံသားများသည် ဆက်သွယ်ရေးနှင့်အွန်လိုင်းကို အသုံးပြုကာ လိမ်လည်မှုပေါင်း (၁၁၀၀)ကျော်ကျူးလွန်ထားပြီး ၎င်းတို့ကို စုံစမ်းစစ်ဆေးရာတွင် စုစုပေါင်းတန်ဖိုးသည် တရုတ်ယွမ်သန်း(၁၂၀)ကျော်ရှိကြောင်းလည်း တရုတ်နိုင်ငံဘက်က ပြောထားသည်။
ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်မစ္စတာချန်ဟိုင်းသည် နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့်တွေ့ဆုံကာ နိုင်ငံအတွင်းရှိ ဆက်သွယ်ရေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို အမြစ်ဖြတ်ချေမှုန်းပစ်ရန် တိုက်တွန်းပြောကြားခဲ့ဖူးသည်။
အလားတူ ပြီးခဲ့သည့် ကာလများအတွင်း၌ မြန်မာနယ်စပ်ဒေသများတွင် ဆက်သွယ်ရေးလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုများကို မြန်မာ-တရုတ်-ထိုင်း (၃)နိုင်ငံပူးပေါင်းကာ နှိမ်နင်းခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်မည့် အလားအလာများ မမြင်မိကြောင်း ကုလသမဂ္ဂအကြီးအကဲ ထုတ်ဖော်ပြောဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း