ယူကရိန်းပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်မည့် အလားအလာများ မမြင်မိကြောင်း ကုလသမဂ္ဂအကြီးအကဲ ထုတ်ဖော်ပြောဆို
Pika (NSS) - စက်တင်ဘာ ၉
ရုရှားနှင့် ယူကရိန်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ရည်မှန်းချက်များကို အင်အားသုံးကာ အကောင်အထည်ဖော်ရန် လုပ်ဆောင်နေကြခြင်းကြောင့် လာမည့် အနာဂတ်တွင်လည်း ယူကရိန်းပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည့် အလားအလာများမရှိကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောကြားခဲ့သည်။
၎င်းက "လာမယ့်အနာဂတ်မှာ ယူကရိန်းပဋိပက္ခနဲ့ပတ်သက်ပြီး ငြိမ်းချမ်းတဲ့ ဖြေရှင်းချက်တစ်ခုရှိလာမယ်လို့ ကျွန်တော်မထင်ပါဘူး။ ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံလုံးဟာ စစ်ပွဲကို ဆက်တိုက်ကြဖို့ ဆုံးဖြတ်ထားကြတုန်းပဲလို့ ကျွန်တော်ထင်ပါတယ်"ဟုပြောဆိုခဲ့သည်။
ယူကရိန်းသည် တန်ပြန်ထိုးစစ်စတင်ပြီးနောက်ပိုင်းကတည်းက တပ်ဖွဲ့ဝင်(၆၆၀၀၀)ဦးနှင့် စစ်လက်နက်ပစ္စည်း (၇၆၀၀) ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော အချက်အလက်များအရသိရသည်။ ပြီးခဲ့သည့်ဇွန်လကစတင်ခဲ့သော ယူကရိန်း၏ တန်ပြန်ထိုးစစ်ဆင်မှုသည် ကျရှုံးမှုများရှိနေသည်ဟု အနောက် အုပ်စုနိုင်ငံများက ယူဆထားကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။ သို့သော်လည်း ယူကရိန်းသမ္မတဇီလန်စကီးက ရုရှားနှင့်ပူးပေါင်းခဲ့သည့် ယူကရိန်းနယ်မြေဟောင်းများဖြစ်သော ခါဆွန်၊ Zaporozhye၊ ဒွန်းညက်စ်နှင့် လူဟန့်စ်တို့အပါအဝင် ခရိုင်းမီးယားကျွန်းဆွယ်ကိုလည်း ပြန်လည်သိမ်းယူသွားမည်ဖြစ်ကြောင်း အခိုင်အမာပြောဆိုခဲ့သည်။
ယူကရိန်းပဋိပက္ခနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများလုပ်ဆောင်ရန် အဆင်သင့်ရှိကြောင်း ရုရှာဘက်က အကြိမ်ကြိမ်ပြောဆိုခဲ့သည်။ သို့သော်လည်း ရုရှားအစိုးရသည် အနောက်အုပ်စုနိုင်ငံများ၏ ရုပ်သေးရုပ်တစ်ခုဖြစ်သော ယူကရိန်းသမ္မတဇီလန်စကီးနှင့် တွေ့ဆုံဆွေးနွေးမှုများကို လုပ်ဆောင်မည်မဟုတ်ကြောင်းနှင့် ၎င်း၏အရှင်သခင်များနှင့်သာ တိုက်ရိုက်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးလာရော့ဗ်ကပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘဏ္ဍာနှစ် (၄)လကျော်ကာလအတွင်း စက်မှုကုန်ချော တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၃)ဘီလျံကျော်ရရှိထား
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ