မီတာခကြွေးကျန်(၄)လနှင့်အထက်ရှိသည့် မီတာများကို မနက်ဖြန်မှစ၍ အပြီးဖြုတ်သိမ်းမည်ဟု MESC အသိပေး
ယွန်း (NSS) - စက်တင်ဘာ ၉
ကြွေးကျန်(၄)လနှင့်အထက်ရှိသည့် မီတာများကို မနက်ဖြန်မှစ၍ အပြီးဖြုတ်သိမ်းမည်ဖြစ်ကြောင်း မန္တလေးလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း (MESC)က ထုတ်ပြန်ထားသည်။
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ပြီးခဲ့သည့် စက်တင်ဘာလ(၇)ရက်တွင် အထက်ပါကဲ့သို့ အသိ ပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ဓာတ်အားခကြွေးကျန်ရှိခြင်းကြောင့် ဓာတ်အားဖြတ်တောက်ထားပြီးဖြစ်သော်လည်း (၃)လအတွင်း ဓာတ်အားခပေးဆောင်ခြင်းမရှိသော ဓာတ်အားသုံးစွဲသူများအား ဌာနမှတပ်ဆင်သုံးစွဲခွင့်ပြုထားသည့် မီတာပုံးများကို ဖြုတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
မီးသုံးစွဲသူမှ (၁)လအတွင်း ဓာတ်အားခအကြေပေးသွင်းလျှင် ဒဏ်ကြေးပေးဆောင်ပြီးမှသာ အဆိုပါမီတာ ပြန်လည်တပ်ဆင်ပြီး ဓာတ်အားပြန်လည်ဆက်သွယ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ဓာတ်အားသုံးစွဲမှုမရှိသော အိမ်ပိတ်မီတာများတွင် ဓာတ်အားသုံးစွဲမှုမရှိသဖြင့် "၀" ယူနစ်(၆)လဆက်တိုက် မီတာဝန်ဆောင်ခ ကြွေးကျန်ဖြစ်နေသည့် မီတာများ၊ ဓာတ်အားခကြွေးကျန် (၄)လနှင့်အထက်ရှိသော မီတာများအား မနက်ဖြန်(စက်တင်ဘာလ ၁၀ ရက်)မှစ၍ အပြီးဖြုတ်သိမ်းခြင်းကိုဆောင်ရွက်မည်ဖြစ်ပြီး ဓာတ်အားသုံးစွဲလိုခြင်းမရှိဟု ယူဆခြင်းကြောင့် ဓာတ်အားသုံးစွဲမှုကို ရပ်စဲမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
မီးသုံးသူများအနေဖြင့် ဓာတ်အားပြန်လည်သုံးစွဲလိုသည့် အချိန်တွင် မီတာအသစ်လျှောက်ထားရမည်ဖြစ်ပြီး ဓာတ်အားခကြွေးကျန်အားလုံးပေးသွင်းရန်လိုကြောင်း သိရသည်။
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအနေဖြင့် လျှပ်စစ်ဓာတ်အားခမပေးဆောင်သူများအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ချမှတ်ထားသော မူဝါဒ၊ ညွှန်ကြားချက်များ၊ လျှပ်စစ်ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံရေးရောယှက်မှုကင်းသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကိုသာ ဆောင်ရွက်နေပြီး မည့်သည့်နိုင်ငံ၊ အဖွဲ့အစည်းနှင့်မဆိုပူးပေါင်းရန် အသင့်ရှိဟု ရဲချုပ်ဆို
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ