ခရီးသွားများလည်ပတ်ရန် ခရီးစဥ်ဒေသ(၃၈)ခုရှိသည့် နေပြည်တော်၌ ခရီးစဥ်နေရာသစ်များ ထပ်မံဖော်ထုတ်နေ
ယွန်း (NSS) - စက်တင်ဘာ ၈
ခရီးစဥ်ဒေသ (၃၈)ခုရှိသည့် နေပြည်တော်၌ အပန်းဖြေနိုင်မည့် ခရီးစဥ်နေရာသစ်မျာကို ထပ်မံဖော်ထုတ်နေကြောင်း နေပြည်တော်ကောင်စီ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။
နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းက ပြီးခဲ့သည့် စက်တင်ဘာလ(၆)ရက်တွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် အစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုနယ်မြေနေပြည်တော်ကို Clean City၊ Green City၊ Smart City ဖြစ်စေရန်အတွက် အဘက်ဘက်မှဆောင်ရွက်နေပြီး ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ရန် ဦးသန်းထွန်းက တိုက်တွန်းပြောကြားခဲ့သည်။
ထို့ပြင် နေပြည်တော်အတွင်း ခရီးစဥ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခင်ရှိပြီး ခရီးစဥ်နေရာဒေသများအပြင် အပန်းဖြေအနားယူနိုင်သည့် ခရီးစဥ်နေရာအသစ်များ ဖော်ထုတ်နိုင်ရေးကိုလည်း ဆောင်ရွက်နေကြောင်း သိရသည်။
အလားတူ စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံသော ခရီးသွားလုပ်ငန်းများ၊ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းများ ဖော်ဆောင်နိုင်ရေးကိုလည်း စဥ်ဆက်မပြတ်ဆောင်ရွက်ရန် ၎င်းက ပြောကြားခဲ့သည်။
နေပြည်တော်တွင် ယခင်က ခရီးသွားများ လည်ပတ်ရာ ခရီးစဥ်ဒေသ (၃၄)ခုရှိခဲ့ပြီး ခရီးစဥ်ဒေသ အသစ်လေးခု ထပ်မံဖော်ထုတ်နိုင်ခဲ့ရာ ယခုအခါ ခရီးစဥ်ဒေသ စုစုပေါင်း(၃၈)အထိ ရှိလာကာ ပြည်တွင်း/ပြည်ပခရီးသွားများ လာရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တညင်းကုန်းဈေးရှေ့တွင် ကုန်တင်ကားနှင့် စက်ဘီးတို့ ယာဥ်တိုက်မှုဖြစ်ပွားရာ စက်ဘီးသမားပွဲချင်းပြီးသေဆုံး
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း