တညင်းကုန်းဈေးရှေ့တွင် ကုန်တင်ကားနှင့် စက်ဘီးတို့ ယာဥ်တိုက်မှုဖြစ်ပွားရာ စက်ဘီးသမားပွဲချင်းပြီးသေဆုံး
သန့်ဇင်(NSS) - စက်တင်ဘာ ၈
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ တညင်းကုန်းဈေးရှေ့တွင် ကုန်တင်ကားနှင့် စက်ဘီး ယာဥ်တိုက်မှုဖြစ်ပွားရာ စက်ဘီးစီးလာသည့် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုသည် ယနေ့( စက်တင်ဘာလ ၈ရက်)၊ နေ့လည်ပိုင်းက အင်းစိန်မြို့နယ်၊ တညင်းကုန်းဈေး ဝင်ပေါက်(၂)ရှေ့တွင် ဖြစ်ပွားခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
“ကုန်တင်ကားနဲ့ ဘက္ထရီစက်ဘီးတိုက်တာပေါ့နော်။ စက်ဘီးစီးလာတဲ့ အမျိုးသားက တက်အကြိတ်ခံရတော့ ခေါင်းပြားပြီး သေသွားတာပေါ့”ဟု တွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုတွင် သေဆုံးသွားခဲ့သည့်အမျိုးသားသည် အသက်(၃၅)နှစ်အရွယ်ခန့်ဖြစ်ပြီး မင်္ဂလာဒုံမြို့နယ်တွင်နေထိုင်သူဖြစ်ကာ ကုန်တင်ကားတက်ကြိတ်ခံရမှုကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
“အဲဒီနားက လူရှုပ်တယ်ဗျ။ ဖြစ်စဉ်ဖြစ်တော့ ဘယ်လိုကြောင့်တိုက်ပြီးဖြစ်သွားလဲတော့ သေချာမသိရသေးပါဘူး။ ခုတော့ သက်ဆိုင်ရာက စစ်ဆေးနေပါတယ်။ အဲဒီနေရာက အရင်ကလဲယာဉ်တိုက်မှုတွေဖြစ်တတ်ပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ယာဉ်တိုက်မှုကြောင့် သေဆုံးသူအမျိုးသားအား တွဲလက်လူမှုကူညီရေးအသင်းမှကားဖြင့် အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပိုဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
EV လျှပ်စစ်ကားအစီးရေ တစ်သောင်းတင်သွင်းသုံးစွဲရန် သတ်မှတ်ထားသော်လည်း ၆ဝဝ ခန့်သာ တင်သွင်းသုံးစွဲနိုင်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း