ယူကရိန်းကာကွယ်ရေးဝန်ကြီးအသစ်ကို အကျင့်ပျက်လာဘ်စားမှုတိုက်ဖျက်ရေးအဖွဲ့ စုံစမ်းစစ်ဆေးနေ
ဂျန်ဇက် (NSS) - စက်တင်ဘာ ၈
ပြီးခဲ့တဲ့ရက်ပိုင်းမှာ ယူကရိန်းကာကွယ်ရေးဝန်ကြီးအသစ်အဖြစ် ခန့်အပ်ခံလိုက်ရတဲ့ ရက်တန် ယူမီရောဗ့်ကို အာဏာအလွှဲသုံးစားမှုများနဲ့ပတ်သက်ပြီး ယူကရိန်းအကျင့်ပျက်လာဘ်စားမှုတိုက်ဖျက်ရေးအဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိနေကြောင်း သိရပါတယ်။
ယူမီရောဗ့်ဟာ ယူကရိန်းကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်မယူခင် နိုင်ငံတော်ပိုင်ဆိုင်မှုရန်ပုံငွေ FGIU အဖွဲ့အကြီးအကဲအဖြစ် တာဝန်ယူချိန်အတွင်း ရာဇဝတ်မှုများကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရပြီး ၎င်းနဲ့အတူ လက်ထောက်နှစ်ဦးကို ယူကရိန်းအကျင့်ပျက်လာဘ်စားမှုတိုက်ဖျက်ရေးအဖွဲ့က စုံစမ်းစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရပါတယ်။
ယူမီရောဗ့် နဲ့ ၎င်းရဲ့လက်ထောက်နှစ်ဦးဟာ ယူကရိန်းနိုင်ငံပိုင် လျှပ်စစ်ကုမ္ပဏီဖြစ်တဲ့ Tsentrenergo နဲ့ ပတ်သက်ပြီး အာဏာအလွှဲသုံးစားမှုများရှိခဲ့တယ်လို့ စွပ်စွဲခံနေရကြောင်း ယူကရိန်းအခြေစိုက်မီဒီယာများက ဖော်ပြထားပါတယ်။ ယူကရိန်းရဲတပ်ဖွဲ့ဟာ လက်ရှိအချိန်မှာ ယူကရိန်းနိုင်ငံတော် ပိုင်ဆိုင်မှုရန်ပုံငွေအဖွဲ့ကို စုံစမ်းစစ်ဆေးလျက်ရှိနေကြောင်း သိရပါတယ်။
ယူမီရောဗ့် နဲ့ ၎င်းရဲ့လက်ထောက်တွေဟာ ယူကရိန်းလျှပ်စစ်ကုမ္ပဏီက လျှပ်စစ်ဓါတ်အားများကို ဈေးကွက်ပေါက်ဈေးအောက် လျော့ရောင်းချနေခြင်းကို အာဏာအလွှဲသုံးစားလုပ်ကာ ဖုံးအုပ် ကာကွယ်ပေးခဲ့ကြောင်း စွပ်စွဲမှုများလည်း ရှိနေခဲ့ပါတယ်။
ယူမီရောဗ့်ဟာ အဆိုပါလျှပ်စစ်ကုမ္ပဏီရဲ့ကြီးကြပ်ရေးဘုတ်အဖွဲ့တာဝန်ရှိသူများကို ထုတ်ပယ်ခြင်းများလည်း ရှိနေခဲ့ကြောင်း သိရပါတယ်။
ယူကရိန်းလွှတ်တော်ဟာ သမ္မတဇီလန်စကီးရဲ့တောင်းဆိုချက်အရ ယူမီရောဗ့်ကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ ယူကရိန်းကာကွယ်ရေးဝန်ကြီးအသစ်အဖြစ် ခန့်အပ်ခဲ့ကြောင်း သိရပါတယ်။ ယူကရိန်းကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အလက်ဆေးရက်နီကောဗ့်ဟာ အကျင့်ပျက်လာဘ်စားမှုများရှိခဲ့တယ်လို့ စွပ်စွဲခံရပြီးနောက် သမ္မတဇီလန်စကီးဟာ ၎င်းကိုရာထူးက ထုတ်ပယ်ပြီး ယူမီရောဗ့်ကို အစားထိုးခန့်အပ်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဇလွန်မြို့ရှိ ဖောင်တော်ချိတ်ဘုရားအနီး ရေဆင်းကူးသည့် ကလေး(၄)ဦးရေနစ်ပျောက်ဆုံးမှုဖြစ်ပွား
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း