မြဝတီ နှင့် ကော့သောင်းမြို့များတွင် U-Turn စနစ်ပြုလုပ်ရာ၌ မြန်မာလုပ်သား (၁၀၀၀)ခန့်ကို နေ့ချင်းပြီးပြုလုပ်ပေးရေး စီစဥ်နေဟု ထိုင်းသံရုံးဆို
ယွန်း(NSS) - စက်တင်ဘာ ၈
One Stop Service စနစ်ဖြင့် မြဝတီနှင့် ကော့သောင်းမြို့များတွင် U-Turn စနစ်ပြုလုပ်ရာ၌ မြန်မာလုပ်သား (၁၀၀၀) ခန့်ကို နေ့ချင်းပြီးပြုလုပ်ပေးရေး စီစဥ်နေကြောင်း ထိုင်းသံရုံးမှ သိရသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ စက်တင်ဘာလ(၇)ရက်တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ် သည်။
ထိုင်းနိုင်ငံ၌ MoU စနစ်ဖြင့် အလုပ်လုပ်နေသော PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် မြန်မာလုပ်သားများအား နိုင်ငံကူးလက်မှတ် ၂ နှစ်နှင့်အထက် ကျန်ရှိပါက MoU/U-Turn စနစ်ဖြင့် ထိုင်းနိုင်ငံသို့ ရက်တိုတိုအတွင်း ပြန် လည်ဝင်ရောက်နိုင်ရေးအတွက် မြဝတီမြို့နှင့် ကော့သောင်းမြို့တို့၌ One Stop Service စနစ်ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီးဖြစ်သည်။
ယခုအခါ အဆိုပါလုပ်ငန်းစဉ်ကို မြဝတီမြို့ နှင့် ကော့သောင်းမြို့တို့၌ စက်တင်ဘာလ(၁၁) ရက်တွင် One Stop Service လုပ်ငန်းအဖွဲ့ဖြင့် စတင်ပြုလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
တစ်ရက်လျှင် မြဝတီမြို့၌ မြန်မာလုပ်သား (၇၀၀)ခန့်အားလည်းကောင်း၊ ကော့သောင်းမြို့၌ (၃၀၀)ခန့်အားလည်းကောင်း နေ့ချင်းပြီး U-Turn ပြုလုပ်ပေးရေးစီစဉ်လျက်ရှိကြောင်း သံရုံးမှအသိပေးထားသည်။
ထို့ပြင် ရက်တိုတိုဖြင့် U-Turn စနစ်ဆောင်ရွက်နိုင်ရေးကို ပြီးခဲ့သည့် စက်တင်ဘာလ(၅)ရက်က နှစ်နိုင်ငံအလုပ် သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများကအစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် လုပ်ငန်းစဥ်(၅)ရပ်ကို ညှိနှိုင်းခဲ့ပြီး ရုံးလုပ်ငန်းများ ပြီးစီးပါက MoU လုပ်သားများသည် (၃) ရက် သို့မဟုတ် (၄) ရက်သာ အချိန်ပေးခြင်းဖြင့် U-Turn လုပ်ငန်းစဉ်ကို အချိန်တို/ငွေကုန်ကျမှု သက်သာစွာဖြင့် နယ်စပ်မြို့ (၂) မြို့၌ပင် ပြီးမြောက်စွာ ဆောင်ရွက်နိုင်ကြတော့မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အမည်ပျက်စာရင်းဝင်သွားသည့် ကုမ္ပဏီများမှ ပို့ဆောင်ထားသော MoU လုပ်သားများအနေဖြင့်လည်း အလုပ်ရှင်နှင့် MoU လုပ်သား၏ သဘောဆန္ဒအတိုင်း အခြားကုမ္ပဏီတစ်ခုသို့ အမည်သွင်း၍ U-Turn ပြုလုပ်နိုင်ကြောင်း ထိုင်းရှိမြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းကာကွယ်ရေးဝန်ကြီးအသစ်ကို အကျင့်ပျက်လာဘ်စားမှုတိုက်ဖျက်ရေးအဖွဲ့ စုံစမ်းစစ်ဆေးနေ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ