နှစ်ပေါင်း(၃ဝ)ကျော်ကာလအတွင်း မြန်မာလုပ်သားဦးရေ (၁၆)သိန်းကျော်ကို OWIC ကတ်ဖြင့် ပြည်ပနိုင်ငံများသို့ စေလွှတ်ခဲ့
ယွန်း (NSS) - စက်တင်ဘာ ၈
နှစ်ပေါင်း(၃ဝ)ကျော်ကာလအတွင်း ပြည်ပနိုင်ငံများသို့ မြန်မာလုပ်သားဦးရေ (၁၆)သိန်းကျော်ကို OWIC ကတ်ဖြင့် စေလွှတ်ထားခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
၁၉၉ဝ ပြည့်နှစ်မှ ယခုနှစ်(၂ဝ၂၃ ခုနှစ်) သြဂုတ်လ(၃၁)ရက်အထိ နှစ်ပေါင်း(၃၃)နှစ်နီးပါးကာလအတွင်း အေဂျင်စီဖြင့်လည်းကောင်း၊ မိမိအစီအစဥ်ဖြင့်လည်းကောင်း၊ ခွင့်ပြန်/PR ဖြင့်လည်းကောင်း ပြည်ပနိုင်ငံများသို့ အလုပ်သမား (၁၆)သိန်းကျော် စေလွှတ်ခဲ့ကြောင်း သိရသည်။
ထိုသို့စေလွှတ်ခဲ့ရာ ထိုင်းနိုင်ငံသို့ (၁ဝ၉ဝ၆၂၉)ဦး ၊ စင်ကာပူနိုင်ငံသို့ (၄၉၈၁၉)ဦး၊ ကိုရီးယားနိုင်ငံသို့ (၆၃ဝ၃၆)ဦး၊ ဂျပန်နိုင်ငံသို့ (၅၅၂၅၄)ဦး ၊ မလေးရှားနိုင်ငံသို့ (၃၈ဝ၄၄၈)ဦးတို့ကို စေလွှတ်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
ထို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် ပြည်ပနိုင်ငံ(၈၉)နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမား (၁၆၅ဝ၆၇၉)ဦးကို OWIC ကတ် ပြုလုပ်ခွင့်ပြုပြီး စေလွှတ်ခွင့်ပြုခဲ့ကြောင်း သိရသည်။
ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီအစီအစဥ်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ် ကိုင်မည့်အလုပ်သမားများ နှင့် မိမိအစီအစဥ်ဖြင့် ပြည်ပနိုင်ငံများသို့သွားရောက်မည့် အလုပ်သမားများအတွက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ရွှေ့ပြောင်းအလုပ်သမားဌာနစု၊ ပင်လုံခန်းမ(၄၃)ရပ်ကွက် ဗိုလ်မင်းရောင်လမ်း နှင့် မင်းရဲကျော်စွာလမ်းထောင့် မြောက်ဒဂုံမြို့နယ်တွင် OWIC ကတ်များ ထုတ်ပေးနေကြောင်း သိရသည်။
ထို့ပြင် မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ရန်ကုန်တိုင်းတွင်လည်း ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်များကို စိစစ်ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂ဝ၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများမှစ၍ တက်ရောက်နိုင်မည့် ဆေးပညာအခြေခံနှစ် သင်တန်းကို နိုဝင်ဘာလတွင် စတင်ဖွင့်လှစ်မည်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ