နွားထိုးကြီးမြို့နယ်တွင် ကျေးရွာအုပ်စု ရပ်/ကျေးစာရေးကို PDF အဖွဲ့က လက်ပြန်ကြိုးတုပ်၍ သေနတ်ဖြင့်ပစ်သတ်ခဲ့ဟု ရဲတပ်ဖွဲ့ဆို
NSS - စက်တင်ဘာ ၈
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် ကျေးရွာအုပ်စု ရပ်/ကျေးစာရေးတစ်ဦးကို PDF အဖွဲ့က လက်ပြန်ကြိုးတုပ်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၅ရက်၊ ညနေ ၆နာရီအချိန်တွင် နွားထိုးကြီးမြို့နယ်၊ ပြချောင်းကျေးရွာနှင့် အင်းချောင်းကျေးရွာသွား လမ်းမကြီးဘေးရှိ ဇရပ်အနီး၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သေဆုံးသူအမျိုးသားသည် သဲတောကျေးရွာတွင်နေထိုင်သူဖြစ်ပြီး ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အဖွဲ့အင်အား(၃)ဦးက ရောက်ရှိလာကြောင်း သိရသည်။
ထို့နောက် ၎င်းအား “စစ်မေးရန်ရှိသည်”ဆိုကာ လက်ပြန်ကြိုးတုပ်၍ ဖမ်းဆီးခေါ်ဆောင်သွားပြီး အထက်ပါဇရပ်အနီးအရောက်၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှသတင်းထုတ်ပြန်ထားသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သဲတောကျေးရွာနေ (ပျားကျေးရွာအုပ်စုရပ်/ကျေးစာရေး) ဦးသန်းကြိုင်(၄၆)နှစ်၏ ဝဲမျက်လုံးမှ ကျည်ဖောက်ဝင်ပြီး ဦးခေါင်းနောက်စေ့ကျည်ဖောက်ထွက် ဒဏ်ရာတစ်ချက်ရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါလုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နှစ်ပေါင်း(၃ဝ)ကျော်ကာလအတွင်း မြန်မာလုပ်သားဦးရေ (၁၆)သိန်းကျော်ကို OWIC ကတ်ဖြင့် ပြည်ပနိုင်ငံများသို့ စေလွှတ်ခဲ့
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း