ကမမောင်းမြို့ပေါ်ရှိ အုပ်ချုပ်ရေးမှူးရုံးကို KNLA ပူးပေါင်းအဖွဲ့က Drop ဗုံး(၃)လုံးဖြင့် ပစ်ချတိုက်ခိုက်
မြူနစ် (NSS) - စက်တင်ဘာ ၇
ကရင်ပြည်နယ်၊ ကမမောင်းမြို့ပေါ်ရှိ အုပ်ချုပ်ရေးမှူးရုံးကို KNLA၊ PDF ပူးပေါင်းအဖွဲ့က Drop ဗုံး(၃)လုံဖြင့် ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာ ၇ ရက်) ၊ နံနက်ပိုင်းအချိန်တွင် ကမမောင်းမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက NSS ကို ပြောသည်။
“အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးပေါ့နော်။ လဝကမှ သန်းခေါင်စာရင်းကောက်မယ့်အဖွဲ့တွေ လေ့လာရေးသွားတာပေါ့။ သန်းခေါင်စာရင်းကောက်တာမဟုတ်ဘူး ကွင်းဆင်းလေ့လာဖို့ ဆွေးနွေးနေတာပေါ့။ အဲဒီမှာ PDF နဲ့ KNLA အဖွဲ့နှစ်ဖွဲ့က Drop ဗုံး(၃)လုံးနဲ့လာချတာ” ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ဆက်လက်ပြောသည်။
ထိုသို့ KNLA ပူးပေါင်းအဖွဲ့၏ တိုက်ခိုက်မှုကြောင့် ဗုံး(၃)လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အုပ်ချုပ်ရေးမှူးဦးစိုးမင်းသည်ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ယင်းကဲ့သို့ ပေါက်ကွဲမှုဖြစ်စဉ်အတွင်း အဆောက်အဦအချို့သည်လည်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက် ညပိုင်းတွင်လည်း KNLA ပူးပေါင်းအဖွဲ့သည် ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်ရှိ ခရိုင်ရဲတပ်ဖွဲ့ မှူးရုံးကို Drop ဗုံး(၄)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။
၎င်းကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးတင့် အပါအဝင် အရာရှိ(၅)ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာပြည်၌ ပထမဆုံး E Commerce Guidelines လမ်းညွန်ချက်စည်းကမ်းများကို စီးပွား/ကူးသန်း ထုတ်ပြန်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း