Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စသုံးလုံးညွှန်ချုပ်နေရာ အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး ပြောင်းရွှေ့တာဝန်ထမ်းဆောင်

မြူနစ် (NSS) - စက်တင်ဘာ ၇

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စသုံးလုံး)၏ ညွှန်ချုပ်ရာထူးနေရာ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ကြောင်း မြန်မာနိုင်ငံပြန်တမ်းထုတ်ပြန်ချက်များအရ သိရသည်။


နစကသည် စသုံးလုံးညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်အဖြစ် ပြောင်းရွှေ့တာဝန်ပေးအပ်လိုက်သည်။

ထိုသို့လစ်လပ်ခဲ့သော စသုံးလုံးညွှန်ကြားရေးမှူးချုပ်၏နေရာတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဦးအောင်ဇော်လင်းအား တာဝန်ပေးခန့်အပ်လိုက်ကြောင်း နစကမှ ကြေညာထားသည်။

ဈေးနှုန်းမြင့်တက်လျက်ရှိနေသော ဒေါ်လာဈေး၊ ရွှေဈေးတို့နှင့်ပတ်သက်၍ တည်ငြိမ်ကျဆင်းရေး ဆောင်ရွက်နိုင်မှုမရှိသည့်အပေါ် စသုံးလုံးညွှန်ချုပ် ဦးမောင်မောင်ကျော်အနေဖြင့် ပြောင်းရွှေ့တာဝန်ပေးခံရခြင်းဖြစ်နိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက NSS ကို သုံးသပ်ပြောကြားသည်။

" သူက စသုံးလုံးကိုရောက်တာ အနှစ်(၂၀)လောက်ရှိပြီ။ ဒုညွှန်နဲ့လားမသိဘူး စရောက်တယ်။ ရောက်ပြီးတော့ ဒေါ် လာ၊ ရွှေတို့ဘက်ကို ကိုင်ရတယ်။ သူက အဲဒီအဖွဲ့အစည်းတွေနဲ့ ရင်းနှီးတယ်။ အခု ဒေါ်လာဈေးတက်တဲ့ ကာလမှာ ဖမ်းတော့ဖမ်းတယ် သို့သော်လည်း ကောင်းကောင်းမွန်မွန်ထားပြီးတော့ ပြန်လွှတ်တဲ့အနေအထားကို တွေ့ရမှာပေါ့နော်။ အကုန်လုံးက ကြောက်ကိုမကြောက်တာ ရုံးသွားပြီးတော့ လက်မှတ်ထိုးတယ်။ ပြီးရင် ပြန်တယ်။ အဲဒီဇာတ် လမ်းကြီးဖြစ်နေတာပေါ့။ ဈေးကလည်း ကျမလာဘူးလေ။ အဲဒါတွေကြောင့်လို့တော့ နံပါတ်တစ်ထင်တယ်"ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ထို့ပြင် ပြည်ထဲရေးဝန်ကြီးနေရာ အပြောင်းအလဲကြောင့် စသုံးလုံးညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်အနေ ဖြင့် ပြောင်းရွှေ့ခံရခြင်းဖြစ်နိုင်ကြောင်းလည်း အထက်ပါစီးပွားရေးလုပ်ငန်းရှင်က ဆက်လက်သုံးသပ်ထားသည်။

" နံပါတ်(၂)ထင်တာကတော့ ပြည်ထောင်စုဝန်ကြီး ပြောင်းသွားတယ်လေ။ ပြည်ထောင်စုဝန်ကြီး ဦးရာပြည့် ဖြစ်လာတဲ့အခါမှာ ဘာပဲပြောပြော ပြောင်းလဲမှုတစ်ခုလုပ်ချင်တဲ့အနေနဲ့ တက်လာပြီဆိုတော့ ဒီဈေးတွေကို ကျအောင် ကိုင်ပြမယ်ဆိုတဲ့ သဘောလေးရှိမယ်ထင်တယ်။ ပြည်ထဲရေးဝန်ကြီးဟောင်း ဦးစိုးထွဋ်ကို ရွှေ့တဲ့အခါမှာ သူ့ကိုပါ ရွှေ့လိုက်တယ်လို့ထင်တယ်" ဟု ၎င်းက ဆက်လက်သုံးသပ်ထားသည်။

လက်ရှိတွင် စသုံးလုံးဌာနအနေဖြင့် စားသုံးဆီလုပ်ငန်းရှင်အချို့အပါအဝင် ကားရောင်းဝယ်မှုလုပ်ငန်းကိုင်နေသူအချို့ကို ခေါ်တွေ့မေးမြန်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ညောင်ပင်ပေါ်၌ အမျိုးသားတစ်ဦး ကြိုးဆွဲချအဆုံးစီရင်မှု ရန်ကုန်၌ဖြစ်ပွား

RELATED POSTS
RECENT POSTS
အမျိုးသားလွှတ်တော်နှင့် ပြည်နယ်၊ ဒေသကြီးများတွင် PR စနစ် ရွေးကောက်ပွဲကျင့်သုံးမည်
25 Nov 2024
မကွေးမြို့၌ ဒုတိုင်းကျန်းမာရေးဦးစီးမှူး သတ်ဖြတ်ခံရမှုဖြစ်ပွား
22 Nov 2024
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved