ညောင်ပင်ပေါ်၌ အမျိုးသားတစ်ဦး ကြိုးဆွဲချအဆုံးစီရင်မှု ရန်ကုန်၌ဖြစ်ပွား
သန့်ဇင်(NSS) - စက်တင်ဘာ ၇
ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်ရှိ ညောင်ပင်တစ်ပင်ပေါ်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း လင်းလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၇ ရက်)၊ နံနက် ၁၁ နာရီအချိန်တွင် ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်း၊ မင်းရဲကျော်စွာလမ်းပေါ်ရှိ ညောင်ပင်ပေါ်တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဖြစ်တာက မနက်ကဖြစ်တာပါ။ ဘယ်သူဘယ်ဝါရယ်နဲ့ ဘာကြောင့်ဆိုတာတွေတော့မသိရသေးပါဘူး။ သူနဲ့ပတ် သက်တဲ့အချက်အလက်တွေက တစ်ခုမှမရသေးတော့လေ”ဟု လင်းလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ကြိုးဆွဲချသေဆုံးသည့် အမျိုးသားသည် အသက်(၂၈)နှစ်ဝန်းကျင်အရွယ်ခန့်ဖြစ်ပြီး မိသားစုနှင့် အဆက် အသွယ်မရရှိသေးကြောင်း သိရသည်၊
“လက်ရှိတော့မိသားစုနဲ့အဆက်အသွယ်တွေမရသေးပါဘူး။ အဲဒီအတွက်လည်း သက်ဆိုင်ရာက စုံစမ်းနေတုန်းပါ။ အလောင်းကိုတော့ ရန်ကုန်ဆေးရုံကြီးက ရင်ခွဲရုံကိုပို့ထားပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
သေဆုံးသူအမျိုးသားအား လင်းလက်လူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံးကြီးရှိ ရင်ခွဲရုံသို့ပို့ဆောင်ကူညီပေးခဲ့ပြီး မိသားစုနှင့်အဆက်အသွယ်ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဖရိကသမဂ္ဂကို G20 အဖွဲ့ဝင်အဖြစ် လက်ခံရန် G20 အဖွဲ့ခေါင်းဆောင်များ သဘောတူညီ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း