'Generational' အာတိတ်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ အမေရိကန်အရှေ့မြောက်ပိုင်းနဲ့ ကနေဒါကို အန္တရာယ်ရှိတဲ့ အအေးလှိုင်း ဖန်တီးနိုင်
ရောင်နီ (NP News) - ဖေဖော်ဝါရီ ၅
“Generational” အာတိတ်မှာ ဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှုဟာ ဖေဖော်ဝါရီ ၄ ရက်၊ စနေနေ့မှာ အမေရိကန်နဲ့ ကနေဒါ နိုင်ငံ အရှေ့မြောက်ပိုင်းရှိ နေရာအနှံ့အပြားသို့အန္တရာယ်ရှိတဲ့ အအေးဒဏ်ကို ဖြစ်ပေါ်စေခဲ့ပြီး ငါးမိနစ်အတွင်း အေးခဲခြင်းတို့ ဖြစ်ပွားနိုင်ကြောင်း ခန့်မှန်းသူများက သတိပေးခဲ့ပါတယ်။
နယူးဟမ်ရှိုင်းယားပြည်နယ်၊ ဝါရှင်တန်တောင်ပေါ်မှာ ညတွင်းချင်း လေအေးနှုန်းမှာ - ၇၈ ဒီဂရီစင်တီဂရိတ် (- ၁ဝ၈ ဒီဂရီဖာရင်ဟိုက်) သို့ရောက်ရှိခဲ့ပြီး ယင်းမှာ - ၇၄ C (- ၁ဝ၁ F) မှာ မှတ်တမ်းတင်ထားတဲ့ ယခင်စံချိန်ကို ချိုးဖျက်ခဲ့ ကြောင်း အမျိုးသားမိုးလေဝသဌာန (NWS) မှ ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့ရာသီဥတု အဆိုးရွားဆုံးနေရာတစ်ခုအဖြစ် လူသိများတဲ့ အမြင့် ၁၉၂ဝ မီတာ (၆၂၉၉ ပေ) နီးပါးရှိတဲ့ ဝါရှင်တန်တောင်ဟာ အမေရိကန်အရှေ့မြောက်ပိုင်းမှာ အမြင့်ဆုံး တောင်ထွတ်ဖြစ်ပြီး ယခုပြင်းထန် အအေးဒဏ်နဲ့ လည်း ရင်ဆိုင်နေရပါတတယ်။ ကနေဒါနယ်စပ် တောင်ဘက်ပိုင်းရှိ ပြင်သစ်ဗီးလ်မြို့ငယ်လေးရဲ့ လေထုအပူချိန် ကတော့ - ၅၁ C (- ၂၉ F) ရှိတယ်လို့ သိရပါတယ်။
ရာသီဥတုအခြေအနေကြောင့် နယူးအင်္ဂလန်၊ ကွာဘက် နဲ့ ကနေဒါ အရှေ့ပိုင်းမှာ ပြင်းထန်သော ရာသီဥတု သတိပေးချက်များ ရှိလာခဲ့ပါတယ်။ ကြိုတင်ကာကွယ်မှုအနေနဲ့ ဖေဖော်ဝါရီလ ၃ ရက်၊ သောကြာနေ့က ဘော့စတွန် ရှိ အစိုးရကျောင်းများကို ပိတ်ခဲ့ရတယ်လို့ သိရပါတယ်။
Zawgyi Version;
'Generational' အာတိတ္မွာ ျဖစ္ပြားခဲ့တဲ့ ေပါက္ကြဲမႈဟာ အေမရိကန္အေရွ႕ေျမာက္ပိုင္းနဲ႔ ကေနဒါကို အႏၲရာယ္ရွိတဲ့ အေအးလိုင္း ဖန္တီးႏိုင္
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၅
“Generational” အာတိတ္မွာ ျဖစ္ပြားခဲ့တဲ့ေပါက္ကြဲမႈဟာ ေဖေဖာ္ဝါရီ ၄ ရက္၊ စေနေန႔မွာ အေမရိကန္နဲ႔ ကေနဒါ ႏိုင္ငံ အေရွ႕ေျမာက္ပိုင္းရွိ ေနရာအႏွံ႔အျပားသို႔အႏၲရာယ္ရွိတဲ့ အေအးဒဏ္ကို ျဖစ္ေပၚေစခဲ့ၿပီး ငါးမိနစ္အတြင္း ေအးခဲျခင္းတို႔ ျဖစ္ပြားႏိုင္ေၾကာင္း ခန႔္မွန္းသူမ်ားက သတိေပးခဲ့ပါတယ္။
နယူးဟမ္ရႈိင္းယားျပည္နယ္၊ ဝါရွင္တန္ေတာင္ေပၚမွာ ညတြင္းခ်င္း ေလေအးႏႈန္းမွာ - ၇၈ ဒီဂရီစင္တီဂရိတ္ (- ၁ဝ၈ ဒီဂရီဖာရင္ဟိုက္) သို႔ေရာက္ရွိခဲ့ၿပီး ယင္းမွာ - ၇၄ C (- ၁ဝ၁ F) မွာ မွတ္တမ္းတင္ထားတဲ့ ယခင္စံခ်ိန္ကို ခ်ိဳးဖ်က္ခဲ့ ေၾကာင္း အမ်ိဳးသားမိုးေလဝသဌာန (NWS) မွ ေျပာၾကားခဲ့ပါတယ္။
ကမာၻ႔ရာသီဥတု အဆိုး႐ြားဆုံးေနရာတစ္ခုအျဖစ္ လူသိမ်ားတဲ့ အျမင့္ ၁၉၂ဝ မီတာ (၆၂၉၉ ေပ) နီးပါးရွိတဲ့ ဝါရွင္တန္ေတာင္ဟာ အေမရိကန္အေရွ႕ေျမာက္ပိုင္းမွာ အျမင့္ဆုံး ေတာင္ထြတ္ျဖစ္ၿပီး ယခုျပင္းထန္ အေအးဒဏ္နဲ႔ လည္း ရင္ဆိုင္ေနရပါတတယ္။ ကေနဒါနယ္စပ္ ေတာင္ဘက္ပိုင္းရွိ ျပင္သစ္ဗီးလ္ၿမိဳ႕ငယ္ေလးရဲ႕ ေလထုအပူခ်ိန္ ကေတာ့ - ၅၁ C (- ၂၉ F) ရွိတယ္လို႔ သိရပါတယ္။
ရာသီဥတုအေျခအေနေၾကာင့္ နယူးအဂၤလန္၊ ကြာဘက္ နဲ႔ ကေနဒါ အေရွ႕ပိုင္းမွာ ျပင္းထန္ေသာ ရာသီဥတု သတိေပးခ်က္မ်ား ရွိလာခဲ့ပါတယ္။ ႀကိဳတင္ကာကြယ္မႈအေနနဲ႔ ေဖေဖာ္ဝါရီလ ၃ ရက္၊ ေသာၾကာေန႔က ေဘာ့စတြန္ ရွိ အစိုးရေက်ာင္းမ်ားကို ပိတ္ခဲ့ရတယ္လို႔ သိရပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
MPT ရုံးမီးလောင်မှုဖြစ်ပွားပြီးနောက် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်မှုဖြစ်ပွား
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ