Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရုရှားပိုင်နက်တွေကို တိုက်ခိုက်မည်ဆိုပါက ယူကရိန်းနိုင်ငံ မီးလောင်ပြာကျသွားမည်ဖြစ်ကြောင်း ရုရှားသမ္မတဟောင်း သတိပေးပြောဆို

Pika (NP News) - ဖေဖော်ဝါရီ ၅ 

ရုရှားကို တိုက်ရာတွင် အသုံးပြုရန်အတွက် ယူကရိန်းကို တာဝေးပစ်ဒုံးကျည်များ ထောက်ပံ့ပေးမည့် အမေရိကန်၏ ဆုံးဖြတ်ချက်သည် ပဋိပက္ခကို ပိုမိုတင်းမာလာအောင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရုရှားသမ္မတဟောင်း မက်ဗီဒက်က ထုတ်ဖော်ပြောဆိုခဲ့သည်၊၊

ထို့အပြင် အမေရိကန်သည် ယူကရိန်းပဋိပက္ခကို မပြီးဆုံးစေချင်သောကြောင့် ယခုကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်နိုင် ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။ ယူကရိန်းသည် ခရိုင်းမီးယားကျွန်းဆွယ်ကို တိုက်ခိုက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် ရုရှားကိုတွန်းအားပေးရန် မဖြစ်နိုင်ကြောင်း မက်ဗီဒက်က အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ 

မက်ဗီဒက် က "ရလဒ်ကတော့ ဆန့်ကျင်ဖက်ပါပဲ၊၊ ဒီလိုကိစ္စမျိုးမှာ ဆွေးနွေးပွဲဆိုတာ မရှိပါဘူး၊၊ လက်တုံ့ပြန် တိုက်ခိုက်တာမျိုးပဲ ရှိပါလိမ့်မယ်။ ငြိမ်းချမ်းရေးရချင်တယ်ဆိုရင် အမေရိကန်ဟာ ယူကရိန်းကို ရုရှားနဲ့ဆွေးနွေးဖို့ တိုက်တွန်းရမှာပါ။ ဒါပေမယ့် အမေရိကန်အစိုးရနဲ့ ကွန်ဂရက်လွှတ်တော်တွေက အဲဒီလိုမျိုးတိုက်တွန်းဖို့ကို စိတ်တောင်မဝင်စားတဲ့ပုံပါပဲ" ဟု ပြောဆိုခဲ့သည်။

ယူကရိန်းတပ်ဖွဲ့များသည် ခရိုင်းမီးယားကျွန်းဆွယ် (သို့မဟုတ်) ရုရှားပိုင်နက်နယ်မြေများကို ပစ်မှတ်ထား တိုက်ခိုက်မည်ဆိုပါက ဖြစ်နိုင်သမျှနည်းလမ်းအားလုံးနှင့် လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း မက်ဗီဒက်က သတိပေးပြောဆိုခဲ့သည်။ မက်ဗီဒက်က "ခြိမ်းခြောက်မှုတွေရဲ့သဘောသဘာဝပေါ်မူတည်ပြီး ကန့်သတ်ချက်တွေ သတ်မှတ်ထားတာမျိုး မရှိပါဘူး၊၊ လက်နက်အမျိုးအစားအားလုံးကို အသုံးပြုသွားဖို့ အဆင်သင့်ရှိနေပါတယ်။ ခြိမ်းခြောက်မှုတွေလုပ်မယ်ဆိုရင် တုံ့ပြန်မှုတွေက ပြင်းထန်ပြီး လျင်လျင်မြန်မြန်ပဲဖြစ်သွားမယ်ဆိုတာ အာမခံ ပြောရဲပါတယ်" ဟု ပြောဆိုခဲ့သည်။

ယူကရိန်းသို့ လက်နက်ပေးပို့မှုများ အပါအဝင် ထောက်ခံအားပေးနေသော ဥရောပခေါင်းဆောင်များသည် ၎င်းတို့၏ ပြည်သူများကို ထိခိုက်နစ်နာစေအောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မက်ဗီဒက်က ပြစ်တင်ဝေဖန်ခဲ့သည်။ အမေရိကန်စစ်ဌာနချုပ်သည် အကွာအဝေး(၁၅ဝ)ကီလိုမီတာအထိ ရောက်ရှိနိုင်သော  (GLSDB) ဒုံးကျည်များ ယူကရိန်းသို့ ထောက်ပံ့ပေးမည်ဟု ကြေညာခဲ့ပြီးနောက် တစ်ရက်အကြာတွင် ရုရှားသမ္မတဟောင်း မက်ဗီဒက် က ယင်းကဲ့သို့ မှတ်ချက်ပြုပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးခြင်းသည် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်အုပ်စုများ ပဋိပက္ခ တွင် တိုက်ရိုက်ပါဝင်ပတ်သက်နေခြင်းဖြစ်ကြောင်း ရုရှား နှင့် နေတိုးအဖွဲ့ကြားတွင် စစ်ရေးအရတင်းမာမှုများ ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ရုရှားဖက်က အကြိမ်ကြိမ်သတိပေး ပြောဆိုခဲ့သည်။

Zawgyi Version; 







Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံဘက်မှ ဖရဲသခွားကားများကို ရောင်းလိုအားနှင့်ချိန်ညှိပြီး တရုတ်နိုင်ငံသို့ဝင်ခွင့်ပြုမည်

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved