အိမ်စီးကားမှ တွဲကားကိုကျော်တက်စဉ် မျက်နှာချင်းဆိုင်မှ ဆိုင်ကယ်အား ဝင်တိုက်မှုကြောင့် လင်မယား(၂)ဦး ပွဲချင်းပြီးသေဆုံးမှု သံဖြူဇရပ်တွင်ဖြစ်ပွား
NSS - စက်တင်ဘာ ၅
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ သံဖြူဇရပ်-ရေးသွားကားလမ်းတွင် အိမ်စီးကားမှ တွဲကားအား ကျော်တက်စဉ် မျက်နှာချင်းဆိုင်မှ လင်မယား(၂)ဦးမောင်းနှင်လာသည့် ဆိုင်ကယ်အား ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၅ရက်)၊ နံနက် ၈နာရီ ၄၀မိနစ်အချိန်တွင် သံဖြူဇရပ်မြို့နယ်၊ စွပ်ပလောင်ကျေးရွာအနီး၊ သံဖြူဇရပ်-ရေးသွားကားလမ်းမကြီးတွင် ဖြစ်ပွားခဲ့ကြောင်း စေတနာရှင်လူမှုကူညီရေးအသင်းထံမှ သိရသည်။
"Misubishi အိမ်စီးကားက ၁၂ဘီးကားတွဲကားကို ကျော်တက်တာမှာ တစ်ဖက်ကလာတဲ့ဆိုင်ကယ်ကို မျက်နှာချင်း ဆိုင်တိုက်သွားတာပေါ့"ဟု စေတနာရှင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် သံဖြူဇရပ်မြို့တွင်နေထိုင်သည့် ဆိုင်ကယ်ပေါ်မှအသက်(၄၀)ဝန်းကျင် လင်မယား(၂)ဦးသည် နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။
"လင်မယား(၂)ယောက်က ရေးဘက်ကိုသွားတာဗျ။ သူတို့က သံဖြူဇရပ်မြို့ပေါ်ကလေ။ ကားနဲ့တိုက်တော့ (၂) ယောက်လုံးကတော့ ပွဲချင်းပြီးဆုံးသွားတယ်။ တိုက်တဲ့ကားက လိုင်စင်မပါဘူးဗျ။ တိုက်ပြီးကားသမားက ကားကိုထားပြီးထွက်ပြေးသွားတာ"ဟု ၎င်းကဆက်လက်ပြောသည်။
ယာဉ်တိုက်မှုတွင် သေဆုံးသွားသည့် အမျိုးသားနှင့် အမျိုးသမီးအား သံဖြူဇရပ်ဆေးရုံရှိ ရင်ခွဲရုံသို့ပို့ဆောင်ထားပြီး ကားပေါ်မှထွက်ပြေးသွားသည့် ယာဉ်မောင်းအား သက်ဆိုင်ရာမှ စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သတင်းထောက်ဟောင်းတစ်ဦးကို သတင်းပေး"ဒလန်"ဟု စွပ်စွဲကာ PDF အဖွဲ့က ပစ်ခတ်သတ်ဖြတ်မှု မိုးညှင်းမြို့၌ ဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း