သတင်းထောက်ဟောင်းတစ်ဦးကို သတင်းပေး"ဒလန်"ဟု စွပ်စွဲကာ PDF အဖွဲ့က ပစ်ခတ်သတ်ဖြတ်မှု မိုးညှင်းမြို့၌ ဖြစ်ပွား
NSS - စက်တင်ဘာ ၅
ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် သတင်းထောက်ဟောင်းတစ်ဦးအား သေနတ်ဖြင့် အနီးကပ်လုပ်ကြံပစ်သတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဥ်မှာ စက်တင်ဘာလ(၄)ရက်၊ ညနေ(၅)နာရီအချိန်ခန့်တွင် မိုးညှင်းမြို့နယ်၊ အရှေ့စုရပ်ကွက်ရှိ အ.ထ.က(၁) ကျောင်းအနီးတွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။
မြစ်ကြီးနားသတင်းဂျာနယ်တွင် သတင်းထောက်အဖြစ်လုပ်ကိုင်ခဲ့ဖူးသည့် ဦးသန်းထွန်းအောင်သည် ၎င်း၏ဇနီးဖြစ်သူနှင့် လမ်းလျှောက်ထွက်နေစဥ် အခင်းဖြစ်ပွားရာနေရာအရောက်၌သေနတ်ဖြင့် အနီးကပ်လုပ်ကြံပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
"သူ့မိန်းမနဲ့အတူတူ လမ်းလျှောက်ရင်းနဲ့ သေနတ်နဲ့အပစ်ခံလိုက်ရတာ။ အခင်းဖြစ်တဲ့နေရာမှာပဲဆုံးသွားတာ။ သုံးချက်ထိသွားတယ်။ ကျွန်တော်တို့နဲ့ဆိုရင် တော်တော်ကိုငယ်တယ်။ သတင်းဌာနမှာလည်း လုပ်ဖူးတယ်။ ပြီးတော့ အလုပ်လုပ်တာ တော်တော်လေးကိုလည်းနှံ့စပ်ပါတယ်။ အဓိကစီးပွားရေးကတော့ သူရောသူ့ဇနီးက အလှုပွဲတို့မင်္ဂလာပွဲတို့မှာ ဓာတ်ပုံတွေဗီဒီယိုတွေရိုက်တာပါ အိမ်မှာလည်းဓာတ်ပုံတွေ ဘာတွေရိုက်ပေးတယ်" ဟု အထက်ပါလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ပစ်ခတ်ခံရမှုကြောင့် ဦးသန်းထွန်းအောင်(၅၁)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ရာနေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၎င်း၏ရုပ်အလောင်းအား မိုးညှင်းကုတင်(၁၀၀)ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
သေဆုံးသူသည် မိုးညှင်းမြို့၊ စီးပူးရပ်ကွက်(၁)လမ်းတွင် နေထိုင်သူဖြစ်ပြီး မနက်ဖြန်(စက်တင်ဘာလ ၆ ရက်)၊ နေ့လည်(၁)နာရီအချိန်တွင် သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဦးသန်းထွန်းအောင်(ခ) ဦးအားဖူအား သတင်းပေး"ဒလန်"ဖြစ်သည့်အတွက် သတ်ဖြတ်ရှင်း လင်းလိုက်ခြင်းဖြစ် ကြောင်း မိုးညှင်း K-PDF တပ်ရင်းမှ ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကညနမှ ကားမူရင်း မှန်/မမှန် စစ်ဆေးမှုများကို မနက်ဖြန် ပြန်လည်လက်ခံမည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း